Header Ads

💑 တို့နှစ်ယောက် မင်္ဂလာဆောင်တဲ့အခါ 💘


💓💓💓💓💓💓💓💓💑
မင်္ဂလာ​ဆောင်​ ဖိတ်​စာရိုက်​မယ်​။ ငါကြိုက်​တဲ့ အပြာ​ရောင်​​လေး သုံးမယ်​ ။ ရွေအို​ရောင်​ ထိုင်​မသိမ်းနဲ့ မိတ်​ကပ်ကို အလှဆုံးပြင်​မယ်​ ။

Pre wedding ကို ပုဂံမှာ ရိုက်​မယ်​ ။ ဟန်းနီးမွန်းကို မြန်​မာပြည်​အနှံ့ သွားမယ်​။ နင့်ရဲ့လက်​ကို ယုံယုံကြည်ကြည်​ ဆုပ်​ကိုင်​ပြီး မင်္ဂလာပွဲကို ပျော်​​ပျော်​ကြီး တက်​မယ်​ ။

ရည်းစား​ဟောင်း​တွေ ဖိတ်​မယ်​။ ငါတို့နှစ်ယောက်​ကို ပြတ်​​စေချင်​ခဲ့တဲ့ လူ​တွေကို အိမ်​တိုင်​ရာ​ရောက်​ ဖိတ်​စာလိုက်​​ဝေမယ်​။ ဒုက္ခ​ပေးခဲ့တဲ့ သူ​တွေကို မလာမ​နေရ ခေါ်မယ်​ ။ အဲဒီ​နေ့မှာ ငါဟာ နင့်ကြောင့်​ ဘယ်​​လောက်​​ ပျော်​ရွင်​​နေရပြီး နင်ဟာ ငါ့ကြောင့်​ ဘယ်​​လောက်​ပြီးပြည့်​စုံခဲ့ရ​ကြောင်း သူတို့မြင်​ရမယ်​ ။

ခက်​ခဲတဲ့​ နေ့ရက်​​တွေ အား​ပေးပြီး အပြန်​အလှန်​​ ကျော်​ဖြတ်​နိုင်​ခဲ့တယ်​။ ကျရှုံးခဲ့တဲ့​နေ့​တွေ အတူလက်တွဲ ဆွဲ​ခေါ်ခဲ့ကြတယ်​ ။ ဘယ်​သူ​တွေ ဘယ်​​လောက်​​ပြောခဲ့ပါ​စေ။ ငါတို့ ဘဝခရီးကို နှစ်​​ယောက်​အတူ​အဆုံးထိ​ လျှောက်​ဖို့ သစ္စာပြုနိုင်​ခဲ့ပြီ ဖြစ်​တယ်​ ။

အဲဒီ​နေ့ဟာ နောက်​ ၁နှစ်​အကြာမှာ ဖြစ်တယ်​​ ။

edited
credit to original

No comments

Powered by Blogger.
close