Header Ads

💑 သူသင့်ကို တကယ်ချစ်တာလား အပျော်တွဲတာလား 💘


💓💓💓💓💓💓💓💓💑
သင့်ကို တစ်ကယ်ချစ်တဲ့သူက သင်ရှိတဲ့ အရပ်ကို လာလိမ့်မယ်။

သင့်ကို အပျော်ချစ်တဲ့သူက သူရှိတဲ့ အရပ်ကို ခေါ်လိမ့်မယ်။

သင့်ကို တစ်ကယ်ချစ်တဲ့သူက သင်နဲ့ ပက်သက်ဖို့ အမြဲ ကြိုးစားလိမ့်မယ်။

သင့်ကို အပျော်ချစ်တဲ့သူက သင်ဂရုစိုက်မှ သင့်ကို ပြန် ဂရုစိုက်လိမ့်မယ်။

သင့်ကို တစ်ကယ်ချစ်တဲ့သူက သင့်နာကျင်မှုကို မေးလိမ့်မယ်။

သင့်ကို အပျော်ချစ်တဲ့သူက သင့်ပျော်ရွှင်မှုကိုသာ မေးလိမ့်မယ်။

သင့်ကို တစ်ကယ်ချစ်တဲ့သူက သင့်အနာဂါတ်ကို တွေးလိမ့်မယ်။

သင့်ကို အပျော်ချစ်တဲ့သူက သင့်ရဲ့ ပစ္စုပ္ပါန်ကိုပဲ တွေးလိမ့်မယ်။

သင့်ကို တစ်ကယ်ချစ်တဲ့သူက သင့်အတိတ်ကို ဂရုမစိုက်ဘူး။

သင့်ကို အပျော်ချစ်တဲ့သူက သင့်ရဲ့ အတိတ်က အရိပ်ကို ဂရုစိုက်တယ်။

သင့်ကို တစ်ကယ်ချစ်တဲ့သူက သင်စာပို့ပို့ မပို့ပို့သူက အမြဲပို့လိမ့်မယ်။
.
သင့်ကို အပျော်ချစ်တဲ့သူက သင်မအားလို့ စာပြန် မပို့ရင် ပြသနာရှာ လိမ့်မယ်။

သင့်ကို တစ်ကယ်ချစ်တဲ့သူက သင်နဲ့ ပက်သက်ပြီး ခံစားချက် စကားတွေ အမြဲ ပြောစရာ များပြားနေ လိမ့်မယ်။

သင့်ကို အပျော်ချစ်တဲ့သူက ပြောစရာ စကားတွေ ရှားပါးနေ လိမ့်မယ်။

သင့်ကို တစ်ကယ်ချစ်တဲ့သူက သင်နဲ့ မပက်သက်ဘဲ တစ်ရက်တောင် မနေနိုင်ဘူး။

သင့်ကို အပျော်ချစ်တဲ့သူက မပက်သက်ဘဲလည်း နေနိုင်တယ်။

သင့်ကို တစ်ကယ်ချစ်တဲ့သူက သင့်မျက်စိရှေ့က ပျောက်မသွားဘူး။

သင့်ကို အပျော်ချစ်တဲ့သူက သင်နဲ့ အဆင်မပြေရင် ပျောက်သွားလိမ့်မယ်။

သင့်ကို တစ်ကယ်ချစ်တဲ့သူက အလုပ် ဘယ်လောက် ရှုပ်ရှုပ် သင့်အတွက် အချိန်ပေးလိမ့်မယ်။

သင့်ကို အပျော်ချစ်တဲ့သူက အကြောင်းပြချက် ပေးပြီး ပြစ်ထား လိမ့်မယ်။

သင့်ကို တစ်ကယ်ချစ်တဲ့သူက ပြသနာဖြစ်တိုင်း အဆင်ပြေဖို့ ကြိုးစားလိမ့်မယ်။

သင့်ကို အပျော်ချစ်တဲ့သူက ပြသနာဖြစ်တိုင်း သင့်ရဲ့ အပြစ်တွေကို အစ ဖော်ပြီး ပြောလိမ့်မယ်။

သင့်ကို တစ်ကယ်ချစ်တဲ့သူက သင့်ရဲ့ အားနည်းချက် တွေကို ပြုပြင်လို့ မရရင် လက်ခံဖို့ ကြိုးစားလိမ့်မယ်။

သင့်ကို အပျော်ချစ်တဲ့သူက သင့်ရဲ့ အားနည်းချက်ကို ပြုပြင်လို့ မရရင် စွန့်ခွာဖို့ ကြိုးစားလိမ့်မယ်။

သင့်ကို တစ်ကယ်ချစ်တဲ့သူက သင် မျက်ရည် မကျအောင် ဂရုစိုက်တယ်။

သင့်ကို အပျော်ချစ်တဲ့သူက သင် မျက်ရည် ကျအောင် လုပ်လိမ့်မယ်။

သင့်ကို တစ်ကယ်ချစ်တဲ့သူက သင်နဲ့ဘဝ တည်ဆောက်ဖို့ကို တွေးတယ်။

သင့်ကို အပျော်ချစ်တဲ့သူက လက်ရှိသင်နဲ့ ပျော်ဖို့ပဲ တွေးတယ်။

သင့်ကို တစ်ကယ်ချစ်တဲ့သူက သူ့အမှားကို ပြု ပြင်တယ်။

သင့်ကို အပျော်ချစ်တဲ့သူက သင့်အမှားကို ထောက်မြင်တယ်။

သင့်ကို တစ်ကယ်ချစ်တဲ့သူက သင့်ကို စိတ်ရှည်လိမ့်မယ်။

သင့်ကို အပျော်ချစ်တဲ့သူက သင်နဲ့ ပက်သက်ပြီး စိတ်မရှည်ဘူး။

အများကြီး ကျန်သေးပေမယ့်…အကြမ်းဖျင်းပဲ ပြောပြပေး လိုက်ပါတယ်နော်…

💘တစ်ကယ်ချစ်တဲ့သူနဲ့သာ ဆုံဆည်းနိုင်ကြပါစေ💘
💓💓💓💓💓💓💓💓💑

credit to# ကျော်သုတ#

No comments

Powered by Blogger.
close