Header Ads

မွေးနေ့အလိုက်အချစ်ရေးကံကြမ္မာ


တနင်္ဂနွေ
(ရည်းစားရဖို့ ဘယ်တော့မှ အောက်ကျမခံဘူး။ သေလောက်အောင် ချောနေ လန်ထွက်နေပါစေ သဲသဲလှုပ် ချစ်မပြတတ်ဘူး…
ကိုယ်က ချစ်တဲ့သူထက် ကိုယ့်ကို ချစ်တဲ့သူနဲ့ပဲ ဖူးစာပါရော)

တနင်္လာ
(သနားတတ်တဲ့စိတ် အားနာတတ်တဲ့စိတ်ကြောင့် ချစ်သူတစ်ယောက် ရတတ်တယ်။ အဲ့ချစ်သူက အနိုင်ယူတာ ခဏခဏ ငိုအောင် စိတ်ညစ်အောင် လုပ်တာ ကြုံရတတ်တယ်။ ဒါပေမယ့် အဲ့ချစ်သူကပဲ သင့်ကို သစ္စာရှိရှိ ချစ်မယ့်သူ ဆိုတာ မမေ့နဲ့)

အင်္ဂါ
(အချစ်စစ်ရဖို့ အချိန်တွေ မနည်း ရင်းရတတ်တယ်။ စန်းပွင့်ပြီး
လူချစ်လူခင် ပေါတယ်။ အသေရရ အရှင်ရရ ချစ်ပြမယ့် သူတွေရှိလို့ ပတ်ဝန်းကျင်က အားကျရတဲ့သူ ဖြစ်ချင် ဖြစ်နေလိမ့်မယ်။ တကယ်တမ်း အချစ်နဲ့ ပက်သက်ရင် ကံနိမ့်တတ်တာ
ကိုယ်ကိုယ်တိုင်ပဲ သိတယ်)

ဗုဒ္ဓဟူး
(မာန ကြီးတယ်။ ရည်းစား တစ်ယောက်ကို လွယ်လွယ် မထား
တတ်ကျဘူး။ ချစ်ပြီဆို တစ်ဘဝလုံးစာ ~ မုန်းပြီ ဆိုရင်လည်း သံသရာ အဆက်ဆက်ပဲ။ လမ်းခွဲရဲတဲ့ နေရာမှာလည်း ပြတ်သား ရက်စက်တတ်တာ နှစ်ယောက် မရှိဘူး)

ရာဟု
(ကတိ တစ်ခုကို တည်မှ ကြိုက်တယ်။ ချစ်စရာကောင်းတဲ့ ဆွဲဆောင်မှု တစ်ခုမဟုတ် တစ်ခု ပိုင်ဆိုင် ထားကြတယ်။ ချစ်သူ သက်တမ်း ကြာရှည်စွာ ဖြတ်သန်း ရတတ်တယ်။ ပျော်ရွှင်စရာတွေ ဖန်ဆင်း ပေးတတ်တဲ့ ချစ်သူကြောင့် ဘဝ တစ်လျှောက်
ရင်ခုန်သံတွေ ဆူညံ နေရလိမ့်မယ်)

ကြသပတေး
(သာယာတယ်လေ။ သိပ်ချစ်ပြတာ ကိုယ့်ဘက်က.. ပြန်ရတယ်လေ နောင်တတွေ အပြုံလိုက်။ ငိုခဲ့ရလွန်းလို့ ကျလိုက်တဲ့ မျက်ရည်တွေ…ရေအားလျှပ်စစ်ပါ ထုတ်လို့ ရလောက်တယ်။
ဒါလည်း မှတ်လား မေးကြည့်လိုက်ပါဦး)

သောကြာ
(ဘယ်လိုနေနေ လှနေရော။ ဖျက်ခနဲ ရီလိုက်တာက သူတို့ရဲ့ အားသာချက် လက်နက်ပဲ။ အဲ့အပြုံးကို မြင်လိုက်ရတဲ့ သူတိုင်း သေမလို ရှင်မလို ဖြစ်ကျန်ခဲ့တဲ့အထိ ညှို့ချက်က ပြင်းတယ်။ လူတစ်ယောက်ကို သိပ်ချစ်ခဲ့ဖူးပေမယ့် အဲ့လူက ရက်စက်စွာ ဥပေက္ခာပြုခဲ့ခြင်း ခံခဲ့ရဖူးတယ်)

စနေ
(ချစ်မယ့်သူတွေ ပေါတယ်။ချောမောလှပတဲ့ သူတွေ ဖြစ်ပေမယ့်
ရည်းစားဆို ကိုယ့်ထက် ပိုချောတဲ့သူ မရတတ်ကြဘူး။ အထူးခြားဆုံးက အသံ။ စွဲမက်စရာ ဖြစ်နေတတ်တာ 9+ ပဲ။ ကိုယ့်ထက် အသက် ပိုကြီးတဲ့ "ကွီး/မွီး" တွေက အသေအလဲ ကြွေခြင်း ခံရတတ်တယ်။ မျက်ရည် အကျ မလွယ်တတ်ဘူး)

★သူ့ အတွက် သာ
crd

No comments

Powered by Blogger.
close