Header Ads

💘 "ချစ်တယ်" ဆိုတဲ့စကားရဲ့ နောက်ကွယ် 💘


💓💓💓💓💓💓💓💓💑
ချစ်တယ်ဆိုတဲ့ စကားက ကမ္ဘာသုံး ဘာသာ စကားတိုင်းမှာ ရှိသလို လူသားတိုင်း သုံးဖူးကြတဲ့ စကားဖြစ်ပါတယ်။ ချစ်တယ် ဆိုတဲ့ ခံစားချက်ကိုလည်း အားလုံး အလိုလို ခံစားဖူးကြသလို မတူညီတဲ့ ဖွင့်ဆိုချက်ပေါင်းများစွာလည်း ရှိပါတယ်။ မတူညီတဲ့ ဖွင့်ဆိုချက် တွေထဲမှာမှ အခြေခံအားဖြင့် ချစ်ခြင်းတရားမှာ လက်ခံမှု၊ စွန့်လွှတ်မှု၊ နားလည်မှုနဲ့ သစ္စာရှိမှုတွေ ကတော့ တူညီကြလေ့ ရှိပါတယ်။

အဲဒီ့ထဲကမှာ ကျွန်ုပ်သိထားတဲ့..
"ချစ်တယ်" ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ..
"မင်းဟာ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်၊ ငါလက်ခံပါတယ်။ ငါဟာ စချစ်မိကတည်းက မင်းရဲ့ အရှိတရားကို လက်ခံပြီးချစ်ခဲ့တာ ဖြစ်တဲ့အတွက် ငါလိုချင်တဲ့ ပုံစံမျိုး မင်းကိုအတင်းအကြပ် ပြောင်းလဲခိုင်းမှာ မဟုတ်ပါဘူး။ ဒါဟာ မင်းဟာ ကောင်းတဲ့သူဖြစ်စေ၊ မကောင်းတဲ့သူဖြစ်စေ.. ငါဟာ မင်းဆိုတဲ့ ဖြစ်တည်မှုအပေါ် လက်ခံပြီး ချစ်သွားမှာပါ။"

"ချစ်တယ်" ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ..
"မင်းရဲ့ ပျော်ရွှင်မှုတွေတိုင်းကို ငါဟာ ဖန်တီးပေးပါရစေ။ မင်းရဲ့ နာကျင်မှု ဝမ်းနည်းမှုတွေတိုင်းကို ငါဟာ ဝေမျှပါရစေ။ မင်းရဲ့ အပြုံးတွေတိုင်းအပေါ် ငါ ကြည်နှုးပါရစေ။ မင်းရဲ့ မျက်ရည်စက်တွေတိုင်းကို ငါဟာ သုတ်ပေးခွင့် ရပါရစေ။ မင်းရဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း ခံစားချက်တွေတိုင်းမှာ ငါဟာ တစ်စိတ်တစ်ဒေသ ပါဝင်နေပါရစေ။"

"ချစ်တယ်" ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ..
"မင်းရဲ့ အားသာချက်တွေ အပေါ်လည်း ငါ လက်ခုပ်တီးနေမယ် ။ မင်းရဲ့ အားနည်းချက်တွေ အတွက်လည်း ငါစာနာပေးနေမယ်။ လူတွေမမြင်နိုင်တဲ့ မင်းရင်ထဲက
လျှို့ဝှက်ချက်ပေါင်းများစွာကို နက်နဲတဲ့ ပုစ္ဆာတစ်ပုဒ်လို ငါတွက်ချက်နေမယ်။ "

"ချစ်တယ်" ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ..
"မင်းအပေါ် ယုံကြည်မှုတွေ ရှိမယ်။ နားလည်မှုတွေ ရှိမယ်။ သစ္စာတရားတွေရှိမယ်။"

"ချစ်တယ်" ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ..
"မတူညီတဲ့ သဘောထားတွေရှိရင် ညှိနှိုင်းဖို့ ကြိုးစားမယ်။ ညှိနှိုင်းမရတဲ့ ပြသနာတွေရှိရင် မင်းကို ဦးစားပေးဖို့ ကြိုးစားမယ်။ မင်း ကျေနပ်သွားတယ် ဆိုမှ ငါ့အနေအထားကို ရှင်းပြဖို့ ကြိုးစားလိမ့်မယ်။"

"ချစ်တယ်" ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ..
"မင်းကို တစ်သက်လုံး စောင့်ရှောက်သွားပါ့မယ်။ တစ်သက်လုံး ကြင်နာသွားပါ့မယ်။ တစ်သက်လုံး စာနာနားလည်သွားပါ့မယ်။ တစ်သက်လုံး အနားမှာ ရှိနေပါ့မယ်။"

💘 ချစ်ခြင်းတရားဆိုတာ ဈေးကြီးလွန်းလှပါတယ်။ သင်အနေနဲ့ တစ်စုံတစ်ယောက်ကို "ချစ်တယ်" လို့ မပြောခင် ဒီစကားလုံးလေးရဲ့ နောက်ကွယ်က အဓိပ္ပာယ်တွေကို အရင်ဆုံး နားလည်ပြီးမှ ကိုယ့်ချစ်ခြင်းနဲ့ ထိုက်တန်တဲ့သူအပေါ် "ချစ်တယ်" ဆိုတဲ့ လက်ဆောင်လေး ပေးသင့်ပါတယ်။

Credit to original

No comments

Powered by Blogger.
close