Header Ads

➰ အမျိုးသားတွေဆီမှာ အမျိုးသမီးတွေ ရှာဖွေတတ်တဲ့ အရည်အချင်း (၅) ခု 👨


💓💓💓💓💓💓💓💓💑
အရပ်အမောင်း ရှည်တာ၊ အသား ညိုတာ၊ ရုပ်ရည် ချောမော တာတွေ အပြင် အမျိုးသမီးတွေဟာ ယောက်ျားလေးတွေကို အကဲခတ် တိုင်းတာတတ်တဲ့ အရည်အချင်းတွေ အများကြီး ရှိပါတယ်။ သင့်ဆီမှာ အဲဒီ အရည်အချင်းတွေ ဘယ်လောက်ရှိသလဲ ကြည့်ရအောင်။

၁။ သင်ဟာ ပျော်ပျော် နေတတ်တဲ့ သူဖြစ်ခြင်း

မိန်းကလေး တွေအတွက် အရေးကြီးတာက သူတို့ လက်တွဲတဲ့ အမျိုးသားမှာ ဟာသဥာဏ်ရှိပြီး သူမကို အရယ်မောနေအောင် လုပ်နိုင်ဖို့ လိုပါတယ်။ အမျိုးသမီး တွေက လူရှေ့ သူရှေ့မှာ ရယ်စရာ ဟာသ တစ်ခုခုကို ပြောဆိုတတ်တဲ့ ယောက်ျားလေးမျိုးကို သဘောကျပြီး ယေဘုယျ အားဖြင့် ပျော်ပျော် နေချင်ကြပါတယ်။

၂။ မားမားမတ်မတ် ရပ်တည်နိုင်ခြင်း

အမျိုးသမီးတွေက ဆုံးဖြတ်ချက် ခိုင်မာတဲ့ ယောက်ျားကို မလိုချင်ကြပါဘူး။ သူတို့က သူတို့အတွက်သာ မဟုတ်ဘဲ အများအတွက်ပါ ရပ်တည်ပေးနိုင်တဲ့ ယောက်ျားကို လိုချင်ကြတယ်။ တစ်ခုခုဆို ယောင်လည်လည် လုပ်တတ်တဲ့ သူမျိုးကို သဘောမကျ ကြပါဘူး။ အချိန်အခါ ကျရောက်လာလို့ အမှန်တရားအတွက် ရပ်တည်ရမယ့် အချိန်မှာ အဲ့ဒီတာဝန်ကို လုပ်ဆောင်နိုင်သူ တစ်ဦးကိုသာ သူတို့ လိုချင်ကြတာပါ။

၃။ နားထောင်မှု စွမ်းရည် အပြည့်အ၀ရှိခြင်း

ဘဝဆိုတာ ရှည်လျားလှတဲ့ လမ်းခရီး တစ်ခုပါ။ အခါတလေမှာ အမျိုးသမီးတွေ တောင့်တတတ်တဲ့ တစ်ခုတည်းသော အရာက သူတို့စကားကို နားထောင်ပေးတဲ့သူ ဖြစ်ပါတယ်။ သူတို့ အမှားတွေကို လိုက်ထောက်နေရမှာ မဟုတ်ဘဲ လက်ခံ နားထောင်ပေးဖို့သာ ဖြစ်ပါတယ်။ ဒီအရည်အချင်းကို လျော့မတွက် လိုက်ပါနဲ့။ အရမ်းအရေးကြီးတဲ့ အရည်အချင်း တစ်ခုနော်… ကိုယ့်လူ။

၎။ ဗဟုသုတ ကြွယ်ဝခြင်း

ဗဟုသုတ ကြွယ်ဝနေမှုဟာ အမျိုးသမီးတွေ အလေးထားတဲ့ နောက်ထပ် အရည်အချင်း တစ်ခု ဖြစ်ပါတယ်။ သူတို့ ရင်ခုန်တဲ့သူက အားကစား၊ ကမ္ဘာ့အရေး၊ သမိုင်း၊ တေးဂီတ၊ စက်ရုံအလုပ်ရုံဆိုင်ရာ ဗဟုသုတ စတဲ့ လက်ရှိ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ သတင်းမျိုးစုံ သိစေချင်ကြတယ်။ အခုခေတ်မှာ အမျိုးသမီးအားလုံးလိုလို ယောက်ျားတွေမှာ ရှာဖွေတတ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အဲဒီ အချက်ဟာလည်း ယောက်ျားတွေကို တထူးတခြား ဆွဲဆောင်မှုရှိစေတဲ့ အရည်အချင်း တစ်ရပ်လည်းဖြစ်ပါတယ်။

၅။ အမျိုးသမီးတွေကို အလေးထားခြင်း

အမျိုးသမီးမျိုး တွေအပေါ် လေးစားမှု ထားသင့်ပါတယ်။ သူတို့ကို ယောက်ျား၊ မိန်းမလို့ ခွဲခြားပြီး သဘော မထားသင့်ဘဲ တန်းတူ ဆက်ဆံ သင့်ပါတယ်။ အမျိုးသမီးရဲ့ စိတ်ကူး အိမ်မက်တွေ၊ ကိုယ်ရေး ကိုယ်တာ တွေကို တန်ဖိုးထားပြီး လွတ်လပ်မှုရအောင် ဖန်တီးပေးသင့်ပါတယ်။ ရှေ့ရေးအတွက် အသက်မွေးကျောင်းလုပ်ငန်းတွေ ရွေးချယ် ဆုံးဖြတ်ရာမှာ အထောက်အကူ ပေးသင့်ပါတယ်။ သူမကို တန်ဖိုးထားတယ်၊ ချစ်တယ်လို့ ခံစားလာအောင် လုပ်ပေးပြီး သူမရှေ့မှာ အပြုအမူတွေကို ဂရုစိုက်သင့်ပါတယ်။

credit Trend Myanmar

No comments

Powered by Blogger.
close