💑 ချစ်သူတိုင်း သိထားဖို့ 💘
💓💓💓💓💓💓💓💓💑
မိန်းကလေး တစ်ယောက် ငိုတာဟာ တကယ် ချစ်လို့ပါ။ ယောက်ျားလေး တစ်ယောက် ငိုတာဟာ တကယ် မခွဲနိုင် လို့ပါ။
လူတစ်ယောက်က အပြုံးကို ဟန်ဆောင် ပြုံးပြလို့ ရပေမယ့် မျက်ရည် ကိုတော့ ဟန်ဆောင် ငိုပြဖို့ မလွယ်ပါဘူး။
အပြုံးဆိုတာ လူတိုင်း အတွက် ဖြစ်ပေမယ့် မျက်ရည် ဆိုတာ ကတော့ ကိုယ် တန်ဖိုး ထားရသူ အတွက်ပါ။
မခွဲနိုင်လို့ ငိုငို ၊ တကယ် ချစ်မြတ်နိုး လို့ပဲ ငိုငို ကိုယ် တန်ဖိုးထား ရသူတွေ မဆုံးရှုံး ရအောင်....
(၁) အ တ္တ တွေ ကို လျှော့ ပါ
(၂) စ ကား တစ် လုံး ကို ဆုံး အောင် နား ထောင် ပါ
(၃) သ စ္စာ ရှိ ပါ
(၄) ကြား စ ကား ၊ ဘေး ပြော စ ကား ထက် ချစ် သူ စ ကား ကို အ ကုန် သိ အောင် နား ထောင် ပေး ပါ။
(၅) နား လည် မှု လွဲ သွား ရင် အ ကြောင်း အ ရင်း ကို ရှာ ပါ
(၆) စိတ် ဆိုး ချိန် မှာ စ ကား မ မှား အောင် သ တိ ထား ပြော ပါ
(၇) သံ သ ယ စိတ် ဝင် လာ ရင် အ မြန် ဆုံး ရှင်း လင်း ပါ ၊ ပွင့် လင်း ပါ
တစ်ခါတလေမှာ... ဘေးလူ ပြောတဲ့ စကားကြောင့် ကိုယ်တကယ် ချစ်မြတ်နိုးသူ အပေါ် အထင်လွဲ စွပ်စွဲတာက ကိုယ် ချစ်ရသူကို အခြားသူ ပေးတဲ့ဓါး နဲ့ ထိုးလိုက်သလို ပါပဲ။
အရာ အားလုံးမှာ အကြောင်းတရား ကြောင့် အကျိုး ဖြစ်ထွန်းသလို အကျိုးတရား ကြောင့်လည်း ပျက်တတ်ပါတယ်။
ဖြစ်ပြီးရင် ပျက်တတ်တယ် ဆိုပေမယ့် အချိန် မတန်ခင် ပျက်စီး သွားရင်တော့ အချစ် ဆိုတာက ဘာမဟုတ်တဲ့ အကြောင်းတရား တစ်ခုကြောင့် အကျိုးတရား ဆိုတဲ့ အမုန်းဆုံး သူစိမ်းတွေ ဖြစ်သွားတတ်တယ်။
ကံ ကံ၏ အကျိုး ဆိုပေမယ့် ကံဆိုတဲ့ အရာအပေါ် ဥာဏ်ဆိုတဲ့ ဆင်ခြင်တုံတရား ရှိရင် မျက်ရည် ဆိုတာ ကလည်း သုခ မျက်ရည်၊ဝမ်းသာ မျက်ရည် ဖြစ်သွားတတ်တယ်။
ချစ်သူတိုင်း (သို့) အိမ်ထောင်သည်တိုင်း ငြိမ်းချမ်း ပျော်ရွှင် ကြပါစေ။
credit to original
Post a Comment