💘 ချစ်သူက ထားခဲ့သူများဖတ်ဖို့ 💘
💓💓💓💓💓💓💓💓
ချစ်သူရည်းစားနဲ့ ပြတ်သွားလို့ စိတ်ညစ်မနေပါနဲ့…
အသဲကွဲသွားလို့ လဲ ပရမ်းပတာတွေ ဖြစ်မနေပါနဲ့…
3 လလောက်နဲ့ ပြတ်သွားလို့လည်း အံ့သြမနေပါနဲ့…
3 နှစ်လောက်တွဲပီးမှ လမ်းခွဲရလို့လည်း မှိုင်မနေပါနဲ့…
ဘဝအတွက် ရည်ရွယ်ပြီးကာမှ ဝေးခဲ့ရလို့လည်း အကြာကြီး စိတ်ညစ်မနေနဲ့…။
(ကိုယ်ချင်းမစာမနာလို့ ပြောတာ မဟုတ်ပါဘူးနော်)
သူနဲ့ကိုယ် ဒီလောက်ဘဲ ပက်သက်ဖို့ ဇာတာ ပါလာတာဘဲ
ရေစက်.. ကုန်သွားပြီလို့ သတ်မှတ်လိုက်ပါ…
ဝဋ်ကြွေး.. ကျေသွားတာလို့ သဘောထားလိုက်ပါ…
ဘဝသစ်တစ်ခု ပြန်ရပြီလို့ ခံယူလိုက်ပါလေ…။
ကိုယ့်ဘက်က မေတ္တာစစ်နဲ့ ချစ်ပေးခဲ့ပေမယ့်
သူ့ဘက်က မရိုးသားခဲ့ဘူး လိမ်ညာခဲ့တယ်လား။
မဲ့ပြုံးလေးတစ်ချက်နဲ့သာ နှုတ်ဆက်ပေးလိုက်ပါ
တစ်ချိန်ချိန်မှာ အဲဒီအပြစ်ဒဏ် သူပြန်ခံရမှာ အသေချာပဲလေ။
ကိုယ့်ဘက်က သစ္စာရှိရှိ နေပေးခဲ့ပေမယ့် သူ့ဘက်က အရူးလုပ်ခဲ့ပြီး ဖေါက်ပြန် သွားတယ်လား။
ရောက်တဲ့နေရာမှာရပ် တာ့တာပါလို့ လက်ပြပေးလိုက်
တစ်ချိန်ချိန်မှာ အဲ့ဒီဝဋ် သေချာပေါက် ပြန်လည်မှာပဲလေ။
ကိုယ့်ဘက်က တန်ဖိုးထား တွဲပေးခဲ့ပေမယ့် သူ့ဘက်က တစ်စက်ကလေးမှ ဂရုမစိုက်ပဲ ပစ်ထားခဲ့တယ်လား။
အနားက တိတ်တိတ်လေး ထွက်လာပေးလိုက်
တစ်ချိန်ချိန်မှာ ကိုယ့်တန်ဖိုး မျက်ရည်လေးဝဲပြီး သူသိသွားမှာပဲလေ။
ထွက်သွားတဲ့သူက သူ့လမ်းသူ ဆက်သွားလိမ့်မယ်…
သူနဲ့ သင့်တော်မယ့် အရာတွေဆီကိုပေါ့…
အခု အဖြေတောင်း အခုပြန်ကြိုက် Fake Love တွေဆီကိုပေါ့…
အလွယ်တကူနဲ့ အချောင်ရမယ့် အပုပ်အသိုး တွေဆီကိုပေါ့…။
နေရစ်ခဲ့တဲ့သူက ကိုယ့်လမ်းကိုယ် ဆက်လျှောက်ရမယ်…
ကိုယ်နဲ့ထိုက်တန်တဲ့ အရာတွေဆီကိုပေါ့…
တစ်ဘဝလုံး သေအတူ ရှင်မကွာရှိပေးမယ့် Real Love ဆီကိုပေါ့..
မျက်စိအောက်က အပျောက်မခံ ချစ်ပေးမယ့် အချစ်စစ်ဆီကိုပေါ့…။
ကဲဒီတော့ မျက်ရည်တွေသုတ်လိုက်တော့
ခုကစပြီး ပြုံးလိုက်တော့။okနော်
credit#sm#
Post a Comment