Header Ads

💑 အိမ်ထောင်ရေး ကံကောင်းတယ်ဆိုတာ


💓💓💓💓💓💓💓💓💑
ငွေကြေး ချမ်းသာသူ တစ်ယောက်ကို ခင်ပွန်း တော်ထားရတာကို ဆိုလိုတာမျိုး မဟုတ်ပါဘူး… ကိုယ့်ကို နွေးထွေးကြင်နာ နားလည် ခွင့်လွှတ် ပေးတတ်သူကို ပိုင်ဆိုင် ထားရတာမျိုးကို ဆိုလိုတာပါ။

ဂုဏ်ယူဖို့ကောင်းတယ် ဆိုတာမျိုးက တင့်တောင်းတင့်တယ် ထားနိုင်တာ မက်လောက်စရာ တွေပေးပြီး တင်တောင်းနိုင်တာတွေနဲ့လည်း မဆိုင်ပါဘူး... ဘယ် အခြေအနေမဆို ကိုယ့်ကိုသာ အရာရာ ဦးစားပေးခံရတာ ညှာတာစာနာ အလျှော့ပေးလိုက် လျောမှုတွေ ခံရတာမျိုးကို ဆိုလိုတာပါ။

နှစ်ယောက်သား လိုက်ဖက်လိုက်တာနော် ဆိုတာမျိုးက အမှန်တော့ ဂုဏ်ချင်းထပ် ရွှေချင်းထပ်လို့ မြတ်တာကိုဆိုလိုတာ မဟုတ်ပါဘူး... သူ့ရဲ့ ကိုယ့်ရဲ့ အားနည်းချက် အားသာချက်တိုင်းကို နှစ်ဦးနှစ်ဖက်လုံးကချစ်နိုင်ကြပြီး တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ဖေးမနိုင်ကြတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

သူတို့အတွဲက အားကျစရာ ကောင်းလိုက်တာနော် ဆိုတာမျိုးက Suprise မျိုးစုံလုပ်ကြတာတွေ social network တွေမှာ ဝက်ဝက်ကွဲ ချစ်ပြကြတာကို ဆိုလိုတာ မဟုတ်ပါဘူးနော် ဘယ်အခြေအနေမှာမဆို လက်တွဲမြဲမြဲနဲ့ ရန်တွေ ဘယ်လောက်ဖြစ်ဖြစ် သစ္စာတစ်ချက် မပျက်ကြပဲ သက်ဆုံးတိုင် ချစ်သွားကြတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်နော်။

သင်လည်း အိမ်ထောင်ရေး ကံကောင်းသူ တစ်ယောက်ဖြစ်ပါစေလို့ Admin ဆုတောင်းပေးလိုက်ရပါတယ်နော်။

credit to original

No comments

Powered by Blogger.
close