Header Ads

💝 ချစ်သူနဲ့မခွဲချင်ရင် လုပ်ရမယ့်အချက်(၆)ချက် 💝


💓💓💓💓💓💓💓💓💑
(၁) ချစ်သူအပေါ် အပြုသဘော ဆောင်တဲ့ အတွေးမျိုးသာ တွေးပါ

အပြုသဘော ဆောင်တဲ့ အတွေးဆိုတာ ပြင်ပ လူနေမှု ဘ၀မှာလည်း လူချစ်လူခင် ပေါများစေပါတယ်။ ချစ်သူအပေါ်မှာ အပြုသဘော ဆောင်တဲ့ အတွေးမျိုး ထားနိုင်ရင် ချစ်သူက ပိုပြီး ချစ်မြတ်နိုးပါတယ်။

(၂) အထိ အတွေ့များနဲ့ ရင်းနှီးမှုကို ပြပါ

ချစ်သူတွေကြားမှာ အနမ်း၊ အပွေ့အဖက်- စတာတွေဟာ ချစ်သက်ရှည်စေဖို့ အာဟာရတွေ မှီဝဲ နေရတာနဲ့ တူပါတယ်။ ဘာနဲ့တူသလဲ ဆိုရင် ဘ၀တစ်ခု ရှင်သန် ရပ်တည်ဖို့ အစားအစာ စားပေး နေရသလိုမျိုး ကာယပသာဒ အထိ အတွေ့ဟာ ချစ်သူတွေ ကြားမှာ အရေးတကြီး လိုအပ်ပါတယ်။

(၃) စကားလက်စုံ (မကြာခဏ) ပြောပေးပါ

စကား ပြောပါများလေ တစ်ဦးရဲ့ အတ္တကို တစ်ဦးက နားလည်လေပါဘဲ။ ရင်နှီးမှုကလည်း စကားလုံးတွေ များလာနဲ့အမျှသံယောဇဉ် ခိုင်မာလာပါတယ်။ ဥပမာ အွန်လိုင်းပေါ်မှာ ချစ်သူတွေ မဖြစ်ကြသေးတဲ့သူ အချင်းချင်းတောင် စကားတွေပြောလို့ ရင်းနှီးလာပြီဆိုရင် ကိုယ် လိုင်းပေါ်တက်တာနဲ့ သူရှိလေမလား မျှော်မိတာမျိုး ကြုံဖူးပါလိမ့်မယ်။

(၄) အရာရာကို အတူတူ ရင်ဆိုင် ဖြတ်သန်းပါ

တစ်ယောက်နဲ့ ရေသာခိုဖို့ ချစ်သူဘ၀ကို စတင်ခဲ့တာ မဟုတ်ပါဘူး။ အခက်အခဲတွေကို ရင်ဆိုင် ကျော်ဖြတ်ဖို့ လက်တွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အရာရာကို အတူတူ ရင်ဆိုင် ဖြတ်သန်းပါ။

(၅) အလေးပေး ဆက်ဆံပါ

အပြန်အလှန် လေးစားမှုမရှိဘဲ ပေါင်းသင်း ဆက်ဆံလို့ မရပါဘူး။ ပြင်ပ လူနေမှု ဘ၀မှာတောင် ကိုယ့်ရဲ့ စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ လေးစားမှုမရှိတဲ့ ပုဂ္ဂိုလ်မျိုးနဲ့ ဘယ်သူက ဆက်ဆံ ချင်မှာလဲလေ။

(၆) ပြင်ပ အကြောင်းအရာတွေနဲ့ မရောထွေးပါနဲ့

တစ်ခုခု ပြသနာဖြစ်ပြီ ဆိုရင် လက်ရှိ ချစ်သူနဲ့ ဆိုင်/ မဆိုင် အရင် စဉ်းစားပါ။ ပြင်ပ လူနေမှုဘ၀နဲ့ ချစ်သူဘ၀ကို ရောထွေး မပစ်ပါနဲ့။ ပြင်ပ အရှုပ်အထွေးထဲကို ချစ်သူဘ၀ မသွင်းပါနဲ့…

credit to original

No comments

Powered by Blogger.
close