Header Ads

👧 မိန်းကလေးအများစု လိုချင်ခဲ့တဲ့ ချစ်သူဆိုတာ 💑


💓💓💓💓💓💓💓💓💑
❤️သူမ အပြင်သွားချင်လို့ လိုက်ပို့ ပေးပါ လို့ တောင်းဆိုရတဲ့ အစား… ကိုယ်တို့ အတူ လျောက်လည်ကြရအောင် လို့ ပြောမယ့်သူ

❤️သူမကို အမှတ်တရ လက်ဆောင်လေး ပေးပါနော် လို့ တောင်းဆိုရတဲ့အစား… မင်းအတွက် အမှတ်တရ လက်ဆောင်လေး ကိုယ်ဝယ်လာတယ် လို့ ပြောမယ့်သူ

❤️သူမကို ပစ်မထားပါနဲ့ ဂရုစိုက်ပေးပါလို့ တောင်းဆိုရတဲ့အစား… ကိုယ်မင်းကို စိတ်ပူလို့ အမြဲ ဂရုစိုက်ပေးမယ် လို့ ပြောမယ့်သူ

❤️သူမကို စိတ်ညစ်အောင် ထပ်မလုပ်ပါနဲ့လို့ တောင်းဆိုရတဲ့အစား… ကိုယ့်ကြောင့် မင်းဘယ်တော့မှ စိတ်မညစ်စေရဘူး လို့ ပြောမယ့်သူ

❤️သူမက ရှင့်ကြောင့် အမြဲ မပျော်ခဲ့ရဘူး လို့ ပြောရတဲ့အစား… မင်း အမြဲ ပျော်ရွှင်အောင် ကိုယ်ထားပေးမှာလို့ ပြောမယ့်သူ

❤️သူမကွယ်ရာမှာ မဖောက်ပြန် ပါနဲ့နော်လို့ တောင်းဆိုရတဲ့အစား… ကိုယ် မင်းအပေါ် သစ္စာရှိသွားမှာ လို့ ပြောမယ့်သူ

❤️သူမက နောက်ကို စိတ်မဆိုးတော့ပါဘူး ဆိုတဲ့ စကားအစား မင်းစိတ်ဆိုးအောင် ကိုယ်နောက်ထပ်မလုပ်ပါဘူး လို့ ပြောမယ့်သူ

❤️သူမ နောက်ထပ် စိတ်မကောက်တော့ပါဘူး ဆိုတဲ့အစား… မင်း စိတ်ကောက်ရင် ကိုယ်ပြန်ချော့မှာပေါ့ လို့ ပြောမယ့်သူ

❤️ကိုယ် မင်းကို စိတ်ကုန်တယ် ဆိုတဲ့ စကားအစား… မင်း စိတ်ကုန်မှာ ငါကြောက်တယ်လို့ ပြောမယ့်သူ

❤️တောင်းဆိုပါတယ် ဆိုတဲ့ စကားအစား… ကိုယ်မင်းကို ကတိပေးပါတယ် လို့ ပြောမယ့်သူ

❤ ️ရှင့်ကို သိပ်ချစ်တာပါ လို့ ပြောရမယ့်အစား… ကိုယ့် မင်းကို အရမ်းချစ်တာ လို့ ပြောမယ့်သူ

{ကဲ ဒီတော့ မိမိရဲ့စိတ်ကူးနဲ့ ဒီစာလေးနဲ့ တိုက်ဆိုင်တယ်ဆိုရင် ချစ်ရသူ ကောင်လေးကို မန်းရှင်းလေး ခေါ်လိုက်ပေါ့နော်။}❤

credit to original

No comments

Powered by Blogger.
close