Header Ads

💘 အချစ်စစ်ဆိုသည်မှာ 💑


💓💓💓💓💓💓💓💓💑
တစ်ခါတုန်းက အင်္ဂလန်မှာရှိတဲ့ ကောင်လေး တစ်ယောက်နဲ့ ပါကစ္စတန်မှာ နေတဲ့ ကောင်မလေး တစ်ယောက်တို့ အွန်လိုင်းမှာ နေ့စဉ် စကားပြောကြရင်း တစ်စနဲ့တစ်စ ခင်မင်သွားပြီး သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။

လအတော် ကြာလာတဲ့အခါ သူတို့ ဟာ အွန်လိုင်းပေါ်မှာတင် သံယောဇဉ်တွေ ဖြစ်ပြီး ချစ်ကြိုက်သွားကြပါတယ်။ ဒါနဲ့ သူတို့ ရက်အတော်ကြာတဲ့အထိ အွန်လိုင်းပေါ်မှာ ပျော်ရွှင်စွာနဲ့ ဘယ်လောက်ချစ်ကြောင်း ဖွဲ့ကာနွဲ့ကာ ပြောဆိုကြခဲ့ပါတယ်။

ဒါပေမယ့် တစ်နေ့တော့ ကောင်မလေးဟာ ကောင်လေးဆီကို စာပို့တာတွေ ရပ်တန့် သွားခဲ့ လေပါတော့တယ်။ ကောင်လေးကတော့ ကောင်မလေးရဲ့ ပြန်စာကို ရက် လ အတော်ကြာ စောင့်နေခဲ့ပေမယ့် ဘာမှ အကြောင်း မထူးလာခဲ့ပါဘူး။

နောက်ပြီး ကောင်လေးဟာ သူ့ကောင်မလေး တစ်ခုခုဖြစ်မှာကို တွေးပူနေပြီး သူ့ရဲ့ နှလုံးသားထဲကလဲ သူတို့နှစ်ဦးရဲ့ ရေစက်ဆုံးသွားပြီလို့ ခံစားနေရပါတော့တယ်။ အသဲတွေလဲကွဲ ညဘက်ဆိုလည်း သူတို့နှစ်ယောက်ရဲ့ အရင်တုန်းက အချင်းချင်း ပို့ထားတဲ့ စာလေးတွေဖတ်ပြီး အိပ်ရာဝင်တိုင်း ငိုနေပါတော့တယ်။

နှစ်တွေ အနည်းငယ်ကြာလာတဲ့ အခါမှာတော့ ကောင်လေးက တက္ကသိုလ်ကို စတက်နေရပါပြီ။ အဲ့ဒီနှစ်တွေ အတွင်းမှာ ကောင်လေးဟာ မိန်းကလေးတွေနဲ့ ခပ်ဝေးဝေး နေခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ ကောင်မလေးတစ်ယောက်က သူ့ရဲ့ အတွေးတွေကို ပြောင်းလဲစေခဲ့ပါတယ်။

ခပ်ချောချော ကောင်မလေးတစ်ယောက်.......

ဒီအတောအတွင်း ဘယ်ကောင်မလေးတွေနဲ့ မပတ်သတ်ခဲ့တဲ့ သူ့အတွက်တော့ အထူးအဆန်း ဖြစ်နေခဲ့တယ်။ ဒါနဲ့ ကောင်လေးဟာ အဲ့ဒီ ကောင်မလေးဆီ ချဉ်းကပ်ခဲ့ပေမယ့် ကောင်မလေးက ငြင်းလိုက်ပါတော့တယ်။

ကောင်လေး - ဆောရီးပါဟာ... ငါနင့်ကို ကြိုက်တယ်လို့ ပြောခဲ့မိလို့......

ကောင်မလေး - ဒါနင့်အမှား မဟုတ်ပါဘူး .... ငါ့မှာ ချစ်ရတဲ့သူ ရှိနေပြီးသားမို့ပါ....

ကောင်လေး - ဟုတ်လား ? ဒါဆို နင့်မှာ ချစ်သူ ရှိနေပြီပေါ့

ထိုစဉ် ကောင်မလေးက - မဟုတ်ဖူး ..... ငါ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကောင်လေးတစ်ယောက်နဲ့ ချစ်ခဲ့တယ် ... ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် စွန့်ခွာခဲ့ရတယ်ဟာ။ အခု ငါဒီကို လာတာ သူ့ကို လာရှာတာ။

ကောင်လေး - ဟာ ...ငါဖြစ်ခဲ့တဲ့ အဖြစ်အပျက် နဲ့တူနေတယ်

ကောင်မလေး - တကယ် ? ဒါဆိုရင် နင့်ကောင်မလေးနာမည်ပြောပြပါလားဟင် ?

ကောင်လေး - အလီရှာ ...... ( ကောင်လေးက ကောင်မလေးရဲ့ စာအုပ်ကို ကြည့်လိုက်တော့ အလီရှာ လို့ နာမည်လေး ထိုးထားတယ်)..

ဒါနဲ့ သူတို့ နှစ်ယောက် ပွေ့ဖက်ခဲ့ကြပြီး ငိုကြပါလေရော.. ဒါနဲ့ ကောင်လေးက မေးတယ်...

" နင်ငါ့ကို ဘာလို့ ထားခဲ့တာလဲဟာ"

ကောင်မလေးက ပြန်ပြောတယ်....

"ငါအဲ့တုန်းက ကားတိုက်ခံရပြီး အကြောသေသွားလို့ ဆေးရုံမှာ တစ်နှစ်တောင် နေခဲ့ရတာ ... ငါလွန်ခဲ့တဲ့ ၆ လလောက်ကမှ ပြန်ကောင်းလာတာ.."

"အကုန်လုံးက ငါ့ကိုသေပြီလို့ပဲ ထင်နေကြတာ ... ဒါပေမယ့် ငါနင့်အကြောင်းကို တွေးရင်း အသက်ရှင်ခဲ့တယ်... ဒါကြောင့် ငါပြန်ကောင်းလာရင် နင်ငါ့ကိုတွေ့ရင် အံ့အားသင့်အောင်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ပြီးတော့ ဒီကိုလာခဲ့တာ"

"ဘာလို့လဲဆိုတော့ နင်ငါ့ကို ဒီတက္ကသိုလ်ပဲ တက်မယ်လို့ ပြောခဲ့တယ်လေ... အဲ့ဒါကြောင့် ငါလည်း ဒီတက္ကသိုလ်ကိုပဲ ရွေးခဲ့တာပေါ့"

နောက်ဆုံး ပြောချင်တာလေးကတော့ ဘယ်လို အခြေအနေမှာ ဘယ်လို ခရီးလမ်းမှာ ဘာပဲဖြစ်နေ ဖြစ်နေခဲ့ပါစေ သင်ချစ်တဲ့အချစ်က စစ်မှန်မယ်ဆိုရင် သူလာရှာတာကို စောင့်နေယုံပါပဲ .....
💓💓💓💓💓💓💓💓💑

Source - Touch Hard
Translated by Myanmarian.
နှလုံးသားတစ်ဖက်ဆီသို့

No comments

Powered by Blogger.
close