➰ ကြေးအိုးဆီချက် ကိုယ်တိုင်လုပ်စားကြမယ် ➰
ကြေးအိုးဆီချက် ကြိုက်သူ တွေကို ဒီပိတ်ရက်မှာ မိသားစု သူငယ်ချင်းတွေနဲ့အတူ လုပ်စားနိုင်အောင် ပြုလုပ်နည်းလေး ပြောပြပေးချင်ပါတယ်....
ပါဝင် ပစ္စည်းများ (၄ ယောက်စာ)
ကြက်/ ဝက် - အသားချည်း ၂၅ ကျပ်သား
ကြက်/ ဝက် - အဆီဖတ် ၂၅ ကျပ်သား
ငဖယ် - ၁၀ ကျပ်သား
ကြာဇံ - ၂၅ ကျပ်သား
မုန်ညင်းရွက် - ၁ စည်း
ကြက်သွန်မိတ် - ၁ စည်း
ငုံးဥ - ၈ လုံး
ဝက်ဆီဖတ် - ၅ ကျပ်သား
ကြက်သွန်ဖြူကြော် - ၂ ကျပ်ခွဲသား
*ဟင်းချိုချက်ရန်
ကြက်/ ဝက် ရိုး ၂၅ ကျပ်သားကို ကြက်သွန်ဖြူ ၅ မွှာနှင် ဂျင်းတစ်တက်တို့ကို ဓါးပြားရိုက်ပြီး ရေအနည်းငယ်ထည့်၍ ပြုတ်ပါ..
ဆူလာလျှင် ပထမတစ်ရေကို သွန်ပြီး ရေ ၂ လီတာခန့်ထည့်၍ မီးအေးအေးဖြင့် ၁ နာရီခန့်ကြာအောင် ပြုတ်ပါ.. ရေကို လိုသလောက် ထပ်ထပ်ထည့်ပါ...
၁ နာရီပြုတ်ပြီးပါက ဟင်းချိုမှုန့်၊ ဆား၊ သကြားတိုဖြင့် အရသာ စိတ်ကြိုက်ပြင်ပြီး မီးခဏပိတ်ထားပါ...
------------------------
*အသားလုံးပြုလုပ်ရန်
အသားများကို ကြိတ်ပြီး ငဖယ် (ငဖယ် ၈ လုံးစာ ပမာဏ ချန်၍) ထည့်၍ ဟင်းချိုမှုန့်၊ သကြား အနည်းငယ်၊ ဆား တို့ဖြင့် သမအောင် နယ်ပါ..
ကြာဇံကို ရေစိမ်ထားပါ
ကြက်ဆီဖတ်၊ ဝက်ဆီဖတ်များကို ဆီအနည်းငယ် ထည့်ပြီး ကြော်ကာ အဆီထုတ်ပါ..
ထိုအဆီများကို ပန်းကန်လုံးတစ်ခုထဲ ထည့်ထားပါ
ငဖယ် ၈ လုံးစာကို ဟင်းချိုမှုန့်၊ ဆား၊ ငရုတ်ကောင်းအရသာစပ်၍ လုံးထားပါ
ဝက်ဆီဖတ်များ ပါးပါးလှီးပါ
ကြက်သွန်မိတ် ရေနွေးဖျောပြီး ပါးပါးလှီးပါ
ကြက်သွန်ဖြူကြော်ကို ထုချေထားပါ
ငုံးဥပြုတ်ပြီး ခွာထားပါ
-------------------------
*ဆီချက်ပြုလုပ်ရန်
ပြီးလျှင် အရိုးပြုတ်ရည်ကို ပြန်တည်ပါ.. အသားနှင့် ငဖယ်အရောကို လက်ဖျစ်လုံးများလုပ်ပြီး ပြုတ်ရည်ထဲထည့်ပါ... ထို့နောက် ငဖယ်လုံးထည့်ပါ.. ကျက်ခါနီးတွင် ကြာဇံထည့်ပါ.. ပြီးရင် လှီးထားသော မုန်ညင်းရွက်ထည့်ပါ..
ထို့နောက် အားလုံးဆယ်ယူပြီး (အရွက်ကို သတ်သတ် ဖယ်ထားပါ) ပန်းကန်လုံးထဲ ထည့်၍ ဝက်ဆီ/ ကြက်ဆီ လိုသလောက်ထည့်ပါ
ပဲငံပြာရည် အကြည်၊ အရသာမှုန့် အနည်းငယ် ထည့်၍ သမအောင် မွှေပါ..
ထို့နောက် ဆယ်ထားသော မုန်ညင်းရွက် ထည့်ပါ..
ကြက်သွန်မြိတ် ဖြူးပါ..
ထုချေထားသော ကြက်သွန်ဖြူကြော်ဖြူးပါ ငုံးဥနှင့် ငဖယ်လုံးထည့်ပါ...
ပါးပါး လှီးထားသော ဝက်ဆီဖတ်များကို ဖြူးထည့်ပြီးလျှင် အနံ့အရသာနှင့် ပြည့်စုံသော ကြေးအိုးဆီချက်ကို ဟင်းချိုရည် အချဉ်တို့ဖြင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ...
(ဝက်အသဲ အူတို့ကြိုက်လျှင် ပြုတ်ပြီး ထည့်၍သုံးဆောင်နိုင်ပါသည်)
credit to- YKKO
Post a Comment