Header Ads

❤️ သင်သူ့ကို တကယ် ချစ်လား မချစ်လား သိဖို့ စမ်းသပ်ရန် (၁၂)ချက်❤️


❤️❤️❤️❤️❤️❤️❤️❤️❤️❤️
၁၂ : သင်ဟာ သူနဲ့ ညဘက်ထိ စကားပြောမယ်။ အဲဒါတောင်မှ အိပ်ရာထဲ ရောက်ရင်လည်း သင်ဟာ သူအကြောင်းကို တွေးနေမိလိမ့်မယ်။

၁၁ : သင် သူနဲ့တွဲပြီး လမ်းလျှောက်တဲ့အခါမှာ သင့်ခြေလှမ်းတွေ နှေးနေလိမ့်မယ်။

၁၀ : သင် သူနဲ့ဝေးနေရတဲ့အခါ ၀မ်းနည်းသလို ခံစားရလိမ့်မယ်။

၉ : သင် သူအသံကို ကြားတာနဲ့ ပျော်ရွှင်နေလိမ့်မယ်။

၈ : သင် သူကိုကြည့်နေတဲ့အခါ သူတစ်ယောက်ကိုပဲ မြင်လိမ့်မယ်။ သင်ဟာ ပတ်ဝန်းကျင်ကို ဂရုစိုက်မှာ မဟုတ်တော့ဘူး။

၆ : သင်ရဲ့အတွေးထဲမှာ သူက အမြဲ စိုးမိုးနေလိမ့်မယ်။ သင် စဉ်းစားသမျှ အရာအားလုံးဟာ သူအတွက်ပဲ။

၅ : သင် သူနဲ့တွေ့တဲ့အခါ အမြဲပျော်ရွှင်နေလိမ့်မယ်။ သင်မျက်နှာမှာ အပြုံးတွေ စိုးမိုးနေလိမ့်မယ်။

၎ : သင် သူနဲ့တွေ့ရဖို့အတွက် ဘာမဆိုလုပ်လိမ့်မယ်။

၃ : သင် ဒီစာကိုဖတ်စဉ်မှာ တစ်စုံတစ်ယောက်ဟာ သင့်နှလုံးသားထဲမှာ အချိန်တိုင်း ရှိနေလိမ့်မယ်။

၂ : သင်ဟာ အဲဒီတစ်ယောက် အကြောင်း တွေးနေလို့ သင့်ဦးနှောက် အလုပ်ရှုပ်နေတာကြောင့် သင်ဟာ နံပါတ် ၇ ကျန်ခဲ့တာကို သတိထားမိမှာ မဟုတ်ဘူး။

၁ : သင်ဟာ နံပါတ် ၇ ကျန်ခဲ့သလားလို့ အပေါ်မှာ ပြန်စစ်ပြီး သင့်ဟာသင် ကြိတ်ပြီး ရယ်နေလိမ့်မယ်။

ဒီစာထဲကလို သင်တကယ် ဖြစ်နေရင်တော့။ သင့် နှလုံးသားထဲမှာ ရှိတဲ့လူကို ချစ်မိနေပါပြီ လို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။ စမ်းသပ်ကြည့်ကြပါ... 😁

Credit to original

No comments

Powered by Blogger.
close