Header Ads

💘 ချစ်​ပါ 💘


💓💓💓💓💓💓💓💓💑
💖ချစ်​ပါ..
မင်းရဲ့ ခန္တာကိုယ်​ အလှအပထက်​ မင်းရဲ့ စိတ်​အလှအပကို ချစ်​တဲ့သူကို ချစ်​ပါ..

💖ချစ်​ပါ..
မင်း တစ်​​ယောက်​တည်းသာ ရူးမူး​နေတဲ့ သူကို ချစ်​ပါ.. မင်းရဲ့ ကောင်းတဲ့ အကျင့်​​တွေ​ကော မ​ကောင်းတဲ့ အချက်​​တွေကို လက်​ခံ​ပေးနိုင်​တဲ့သူ.. မင်းကို ပိုင်​ဆိုင်​ခွင့်​ရတာ ဆုလာဒ်​ တစ်​ခုလို့ ယုံကြည်​​နေတဲ့ သူကို ချစ်​ပါ..

💖ချစ်​ပါ..
ဘဝခရီး တစ်​​လျောက်​မှာ မင်းလက်​ကို ရဲရဲတွဲပြီး ဒုက္ခ မုန်​တိုင်း​တွေကို ကူညီ​ဖြေရှင်း ​ပေးမယ့်​သူ.. မင်းရဲ့ ရူးနှမ်းပြီး စိတ်​ရှုပ်​စရာ​ကောင်းတဲ့ အပြုအမူ​တွေ.. မင်းကို မင်းအဖြစ်​သာ နားလည်​​ပေးနိုင်​မယ့်​သူ ကို ချစ်​ပါ..
စိတ်​ဓာတ်​ကျချိန်​မှာ မင်းအနား​နေပြီး အဆင်​​ပြေမယ့်​ အချိန်​ထိ မငြီးမငြူ နှစ်​သိမ့်​​ပေးနိုင်​မယ့်​ သူ.. ရန်​အကြီးအကျယ်​ ဖြစ်​ပြီး​တောင်​ သူ့ဘက်​က လက်​​မြှောက်​ အရှုံး​ပေးပြီး မင်းကို စကားစ​ပြောမယ့်​သူကို ချစ်​ပါ..

💖ချစ်​ပါ...
မင်းရဲ့ ကြိုးစား အားထုတ်​မှုကို​တွေ တစ်​ကယ်​ နှစ်​သက်​သူ... မင်းဘဝအတွက် ​ကြိုးစား​နေချိန်​မှာ အနားမှာ ကောင်းတဲ့လမ်း​တွေကို လမ်းညွှန်​​ပေးမယ့်​သူ မင်း ကို အား​ပေးမယ့်​သူ ကိုချစ်​ပါ...

💖ချစ်​ပါ..
ရှည်​လျားလွန်းပြီး ပင်​ပန်းတဲ့ နေ့တစ်​​နေ့သာ ကုန်​ဆုံးသွားချိန်​ မင်းအနား အ​ပြေး​ရောက်​လာတဲ့သူ.. မင်းရဲ့ ဝင်းပတဲ့ အပြုံးတစ်​ခုကို မြင်​ရဖို့အတွက်​ မိုင်​​တွေ ဘယ်​​လောက်​ခြားခြား အ​ပြေးလာ​ပေးတဲ့သူ.. မင်းအနားမှာ ဘာ​တွေဖြစ်​​နေပါ​စေ အမြဲ မပြတ်​ရှိ​နေ​ပေးမယ့်​သူကို ချစ်​ပါ..

💖ချစ်​ပါ.
မင်းကို ​နွေး​ထွေးတဲ့ ကြင်​နာခြင်း​တွေ ပေးစွမ်းတဲ့သူ.. မင်းကိုယ်​မင်း အ​ရေးပါ အရာ​ရောက်​တဲ့သူအဖြစ်​ ခံစားရ​အောင်​ လုပ်​​ပေးနိုင်​တဲ့သူ.. ညအိပ်​ချိန်​​တွေ လေလှိုင်းက​နေတဆင့်​ ည​တေးသီချင်း​တွေ ဆိုပြ​ပေးမယ့်​သူ... မနက်​တိုင်း အိပ်​ယာနိုးတာနဲ့ long and sweet morning sms တွေ ဖတ်​ခွင့်​ရ​အောင်​ လုပ်​​ပေးမယ့်​သူ ကို ချစ်​ပါ..


💖ချစ်​ပါ..
မင်းရဲ့ ချစ်​သူအဖြစ်​​ကော သူငယ်​ချင်း​ကောင်း အဖြစ်​ပါ ​နေ​ပေးနိုင်​မယ့်​ သူ.. မင်းနဲ့အတူ အ​ရေမရ အဖတ်​မရစကား​တွေ ​ပြောဖို့အတွက်​ ညအိပ်​​ရေး ပျက်​ခံ​ပေးနိုင်​တဲ့သူ.. မင်း အပျင်းတစ်​​နေချိန်​ သူပါ​ရောပြီး မင်းနဲ့အတူ ရယ်​လိုက်​ မောလိုက်​ စ​နောက်​လိုက်​နဲ့ အ​လေလိုက်​ရင်း နေ့တစ်​​နေ့ကို ကုန်​ဆုံး​ပေးနိုင်​မယ့်​သူ.. မင်းရဲ့လက်​ကို ကိုင်​တွဲရတာ ပင်​ပန်းတယ်​လို့ မထင်​ပဲ လူအများအ​ရှေ့မှာ ရဲရဲ လမ်း​လျောက်​ရင်း မင်းကို ချစ်​တဲ့အချစ်​​တွေကို မတွန့်​မဆုတ်​​ပြောပြ နိုင်​တဲ့သူကို ချစ်​ပါ..

💖ချစ်​ပါ..
မင်းအမှားလုပ်​တဲ့အခါ ခွင့်​လွှတ်​​ပေးနိုင်​တဲ့သူ.. သူ့ရဲ့အလုပ်​​တွေ ဝါသနာ​တွေထက်​ တစ်​ခြားလူ​တွေထက်​ မင်းကို ပိုပြီး​ရှေ့တန်းတင်​တဲ့သူ.. မင်းရဲ့အချိန်​တိုင်းကို ပျော်​​ပျော်​ရွှင်​ရွှင်​နဲ့ ပီတိကို စံစား​နေနိုင်​​အောင်​ လုပ်​​ပေးနိုင်​သူ.. ပေးထားတဲ့ ကတိ​တွေကို မပျက်​မကွက်​ လုပ်​​ပေးနိုင်​မယ့်​သူ... ငယ်​သည်​ဖြစ်​​စေ ကြီးသည်​ဖြစ်​​စေ မင်းကို အ​လေးထားမယ့်​သူ.. မင်းရဲ့ဆုံဖြတ်​ချက်​​တွေ စိတ်​ကူးစိတ်​သန်း​တွေကို လေး​လေးစားစား ဆက်​ဆံမယ့်​သူ မျိုးကို ချစ်​ပါ..

💖ချစ်​ပါ ..
ကိုယ်​လုံးအလှထက်​ စိတ်​နှလုံးအလှကို မြင်​​အောင်​ကြည့်​နိုင်​သူကို ချစ်​ပါ.. မင်းရဲ့ စိုးရိမ်​စိတ်​​တွေ.. ပူပန်​မှု​တွေ.. ဝမ်းနည်းမှု​တွေ.. မျက်​ရည်​​တွေကို ဖြေ​ဖျောက်​​ပေးနိုင်​မယ့်​သူ.. မင်းကို နားလည်​မှူ​တွေ အဆုံးအစမရှိ​ပေးနိုင်​တဲ့သူ.. မင်းဘဝကို ဘယ်​​တော့မှ မရိုးတဲ့ အံအားသင့်​မှု​တွေ ဖန်​တီး​ပေးနိုင်​တဲ့သူကို ချစ်​ပါ...

credit#Queen

No comments

Powered by Blogger.
close