💓 ဘယ်သူ့ အချစ်ကပိုသာလည်း 😂
💓💓💓💓💓💓💓💓
တနေ့  စုံတွဲ တစ်တွဲ စကားများကြတော့… ကောင်လေးက ကောင်မလေးကိုပြောတယ်
- မင်းငါ့ကို တကယ်မချစ်ဘူးပဲ လို့ ပြောလိုက်တော့… ကောင်မလေးက ပြောတော့တယ်…
- ကောင်းပြီလေ… ဒါဆို နင်နဲ့ ငါ ဘယ်သူကပိုချစ်တယ် ဆိုတာ… စမ်းသပ်ကြမလား?
ကောင်လေး - ကောင်းပြီလေ… မင်းမှာ နည်းလမ်းရှိလား? ရှိရင်ပြော
ကောင်မလေး - ရှိတယ်… ဒီလို လုပ်မယ် နင်နဲ့ ငါ စောင်ခြုံ တစ်ထည်ထဲမှာ အတူတူ ခြုံ ပြီး တစ်ယောက်တစ်လှည့် အီးပေါက်ကြမယ်… တစ်ယောက်ရဲ့ အီးနံ့ ကို တစ်ယောက်က ရှူ နိုင်ရမယ်… အနံ့ မခံနိုင်တော့ရင် စောင်အပြင် ထွက်လို့ ရတယ်.… တစ်ခုတော့ရှိတယ် အီးနံ့ ကို ပိုရှူ နိုင်တဲ့သူက ပိုချစ်လို့ ပဲ…
ကောင်လေး - အိုကေလေ… လုပ်ကြတာပေါ့… စောင်ခြုံ ထဲ ဝင်ကြပြီ ကောင်လေးက ကောင်မလေးကို lady first ပေါ့ မှေးဆပ်ပြတယ်…
ကောင်မလေးက နဂိုထဲက အကြံအစည်နဲ့ ဆိုတော့…ရပါတယ် ဒီကိစ္စမှာ နင်အရင် စပါဆိုပြီး ပြောတယ်…
ကောင်လေးက ကောင်းပြီလေ ဆိုပီး အရင်စပေါက်တယ်…
(ဘူ…)
ကောင်မလေးက ထွက်လာတဲ့အီးနံ့ ကို ရှူ တယ်
( ကောင်လေးက အစားအသောက်သိပ်မစုံတော့အီးနံ့ က မနံဘူးကို) ကောင်မလေးက ခံနိုင်ရည်ရှိတယ်…
ကောင်လေးအလှည့်ပြီးသွားပြီဆိုတော့ ကောင်မလေးအလှည့်ရောက်ပြီပေါ့…
ကောင်မလေးပေါက်ပြီ (ဖူ…)
ကောင်လေးစရှူ တယ် ( ကောင်မလေးက အစားအသောက်စုံတော့ အီးနံ့ က နံမှာပေါ့… သူ့ ကိုယ်သူ သိတဲ့ ကောင်မလေးက အကြံနဲ့ ကို)
ကောင်လေးက ကောင်မလေးရဲ့ အီးနံ့ နံလွန်းတော့ ကျိတ်မှိတ် ခံမရတော့ဘူး…😷 အဲ့တော့ ဗြု န်းခနဲ ဆို စောင်ကိုလှန်ပြီး အပြင်ထွက်ချသွားတော့တယ်…
အဲ့မှာ ကောင်မလေးက ပြောတာပေါ့… နင်မခံနိုင်လို့ စောင်အပြင်ထွက်သွားတဲ့ အတွက် နင်ရှူံးပြီပေါ့… နင်မေးတဲ့ စကား နင်ပြန်ဖြေရမယ်ပေါ့… နင်ငါ့လောက်မချစ်ဘူးပေါ့… အဲ့တော့ ကောင်လေးက ပြန်ပြောတယ်…
ကိုယ်က ချစ်ရဲ့ အီးနံ့ တွေ စောင်အပြင်ထွက်သွားကုန်လို့ နှမြောပြီး လိုက်ရှူ တာ ဆိုပြီး နှားခေါင်းက ရွှတ်…ရွှတ် နဲ့  ဟို ရှူ ဒီရှူ လိုက်လုပ်ရင်း ပြန်ပြောတယ်…
💓 ကိုယ်အချစ်က ပိုသာတယ်… တဲ့ 😂
💓💓💓💓💓💓💓💓
crd#kzs
Post a Comment