Header Ads

➰သူငယ်ချင်းကနေ ချစ်သူဖြစ်အောင် ဘယ်လိုကြိုးစားသင့်လည်း💘


💓💓💓💓💓💓💓💓💑
ဘော်ဒါတွေထဲမှာ ကိုယ့်ဖက်က ချစ်သူအဖြစ်ကို အဆင့်တိုးချင်ပေမယ့် သူ့ဖက်က သူငယ်ချင်းလေးပါပဲ ဆိုပြီး စည်းတားခံထားရတဲ့ သူတွေရှိလား ။

ဖြူစင်တဲ့ သူငယ်ချင်း အချစ်တွေကနေ တဖြည်းဖြည်း သံယောဇဉ်တွေ တိုးတိုးပြီး ကိုယ့်ဖက်က အချစ်တွေ ပေးချင်ပေမယ့်လည်း ဖွင့်ပြောလိုက်တဲ့အခါ နဂိုရှိနေတဲ့ ခင်မင်မှုလေးတွေပါ ပျက်ပြယ်သွားမှာစိုးလို့  တိုးတိုးတိတ်တိတ်လေးပဲ ခိုးချစ်နေရသူတွေပေါ့။

အဲ့လို တွေ ခံစားနေရတဲ့အခါ friend- zone ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့ နည်းလမ်းကောင်းလေး အချို့ကို share ပေးလိုက်ရပါတယ်။

💘 ပြောင်းလဲမှုအချို့ကို မသိမသာစတင်ပါ

အပေါင်းအသင်းတွေ အားလုံး ကြားထဲမှာမှ သူ/သူမ အပေါ်မှာ တနည်းနည်းဖြင့် ပိုသာတဲ့ ဂရုစိုက်မှုတွေ ၊ အလေးထားမှုတွေ ရှိကြောင်း ပြသပါ။ လိုအပ်လျှင် အခြား သူငယ်ချင်းတွေကိုပါ ဖွင့်ပြောပြီး အကူအညီ တောင်းထားပါ။

💘 အလွန်အကြူး မဖြစ်ပါစေနဲ့

ကိုယ့်ရဲ့ သူ/ သူမ အပေါ် ပြောင်းလဲနေတဲ့ စိတ်ခံစားမှုကို ဖော်ပြတဲ့အခါ အလွန်အကျွံ over မဖြစ်စေဖို့ အထူး သတိထားပါ။ surprise တွေ၊ လူပုံ အလယ်မှာ ရုတ်တရက် ချစ်ခွင့် တောင်းတာတွေနဲ့ အရမ်း ရိုမန်တစ်ဆန်တဲ့ ညစာ စားပွဲတွေကို ရှောင်ကျဉ်သင့်ပါတယ်။

💘 ချစ်ခြင်း မေတ္တာကို ဘယ်လို အဓိပါယ် ဖွင့်ဆိုသလဲလို့ မေးကြည့်ပါ

သူ/ သူမ ရဲ့ အချစ်အပေါ် အဓိပါယ် ဖွင့်ဆိုပုံ ၊ခံယူချက် သဘောထားကို မေးမြန်း ဆွေးနွေးကြည့်ပါ။ သာမန် သူငယ်ချင်း အချင်းချင်း တွေ့ကြတဲ့ အခါ ပြောဆိုကြတဲ့ သာမန် စကားမျိုး တွေထက် ချစ်ခြင်း မေတ္တာနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ လေးတွေကို မကြာခဏ ပြောဖြစ်အောင် ကြိုးစားပါ။

💘 သ၀န်တိုပြပါ

ကိုယ့်ချစ်နေတဲ့ သူငယ်ချင်း ကောင်လေး ဒါမှမဟုတ် ကောင်မလေးကို အခြားသူတွေနဲ့ စိတ်မချတဲ့ဟန် ၊ သ၀န်တိုတဲ့ဟန် ၊ စိတ်ပူပြီး စိုးရိမ်တဲ့ အမူအယာတွေ ၊စကားလုံးတွေ မကြာခဏ ပြောဆိုပေးပါ။ ဒီလိုနဲ့ သူ့အပေါ် ထားရှိတဲ့ သင့်ရဲ့စိတ်ဟာ သူငယ်ချင်း အဆင့်ထက် ပိုနေပြီဖြစ်ကြောင်း ရိပ်မိပါစေ။

💘 မကြာခဏ အတူတကွ Hang out လုပ်ပါ

ဒီနေရာမှာ ကိုယ်ဟာ သူနဲ့ သူငယ်ချင်း ဖြစ်နေတဲ့ အတွက် သူစိမ်းတွေ ထက်သာတဲ့ အခွင့်အရေး တစ်ခု ရှိပါတယ်။ မကြာခဏ သူ့အိမ်ကို အလည်အပတ် သွားနိုင်သလို၊ သူနဲ့လည်း လွတ်လွတ်လပ်လပ် လျှောက်လည်ဖို့ အခွင့်အရေး အလွယ်တကူ ရရှိပါတယ်။ အဲ့လိုကနေ တဖြည်းဖြည်း နီးစပ်မှု ရယူဖို့ ကြိုးစားပါ။

ကဲ အားလုံးလည်း သူငယ်ချင်း ချစ်သူလေးတွေနဲ့ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဒီစာလေးကို ကြိုက်နှစ်သက် ခဲ့တယ်ဆိုရင် Like & Share လုပ်ခဲ့ဖို့ မမေ့နဲ့အုံးနော်
💓💓💓💓💓💓💓💓💑

©®[} upup

No comments

Powered by Blogger.
close