Header Ads

💑 လက်မထပ်ခင် သေချာစဉ်းစားကြပါ 💝


💓💓💓💓💓💓💓💓💑
ယောက်ျားလေးတစ်ယောက် အနေနဲ့ မိန်းကလေးတစ်ယောက်ကို အဆုံးစွန်ဆုံး သည်းမခံနိုင်ဘူး ထင်ရင်
ကိုယ့်ကို အနိုင်ယူတတ်တဲ့ မိန်းကလေးမျိုးကို လက်မထပ်နဲ့။

မိန်းကလေးတစ်ယောက် အနေနဲ့လည်း ယောက်ျားလေး တစ်ယောက်ကို အဆုံးစွန်ဆုံး နားလည်မှု မပေးနိုင်ဘူး ထင်ရင် ကိုယ့်အပေါ်ဆိုးတဲ့ ယောက်ျားလေးတစ်ယောက်ကို လက်မထပ်နဲ့။

တချို့ တချို့သော ဇာတ်လမ်းတွေက ချစ်သူ ရည်းစား ဘဝမှာတင် စောစောစီးစီး ပြီးသွားတာ အကောင်းဆုံးပဲ… တသက်လုံး စိတ်ရှည် ၊သည်းခံနိုင်မယ် သေချာရင်တော့ ရှေ့ဆက်တိုးပါ… တသက်လုံး သည်းခံနိုင်ဖို့ မသေချာရင်တော့ နောက်ဆုတ်လိုက်ကြတာ  အကောင်းဆုံးပါပဲ။

လက်ထပ်တယ် ဆိုတာ ချစ်သူဖြစ်ပြီးလို့ မကောင်းပါဘူးလေ ဆိုပြီး အားနာပါးနာ ဆုံးဖြတ်ချက် ချရတာမျိုး မဟုတ်ဘူး… သူ့ကို တကယ် ကိုယ်က လိုချင်စိတ်ရှိပြီး သူ ဆိုးသမျှ တသက်လုံး သည်းခံနိုင်ပါ့မယ် လို့ စိတ်ထဲက သေချာနေမှ လက်ထပ်ဖို့ ဆုံးဖြတ်ချက် ချသင့်တာပါ။

သူ့ကို  ငါ လက်ထပ်ရင် စိတ်ချမ်းသာ ရပါ့မလားလို့ တွေဝေနေပြီ ဆိုရင်တော့ ရှေ့တိုးမဲ့ ကိုယ့်ခြေလှမ်းတွေကို နောက်တလှမ်း ပြန်ဆုတ်ထားလိုက်တာ အကောင်းဆုံး ပါပဲနော်။

credit to original

No comments

Powered by Blogger.
close