👄 သင့်ရဲ့နှုတ်ခမ်းကပြောနေတဲ့ သင့်အကြောင်း 💘
💓💓💓💓💓💓💓💓
နှုတ်ခမ်းမှာ အပေါ်နှုတ်ခမ်း ကတော့ နှုတ်ခမ်းပိုင်ရှင်ရဲ့ စိတ်နေစိတ်ထား၊ အောက်နှုတ်ခမ်းကတော့ လိုအင်ဆန္ဒကို ဖော်ပြပါတယ်။ ကဲ နှုတ်ခမ်းလေး အကြောင်းကို ပုံလေးကို အရင်ကြည့်ပြီး ကိုယ့်ရဲ့နှုတ်ခမ်းလေးကို ရွေးပြီး အောက်ကစာရဲ့ တိုက်ဖတ်ကြည့်ပါ။ ကိုယ်ကတော့ ဘယ်လိုနှုတ်ခမ်း ပိုင်ရှင်လဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။
1. အပေါ်နှင့်အောက် နှုတ်ခမ်းသားထူသူ
ဒီနှုတ်ခမ်းသား ပိုင်ရှင်ကတော့ အချစ်များသူ ဖြစ်တတ်ပြီး ဘာမှ ဟန်ဆောင်ခြင်းမရှိပဲ လိုချင်တာကို ရအောင် ယူမှာဖြစ်ပြီး ဘယ်သူ့ကိုမှလည်း ဂရုစိုက်မှာ မဟုတ်ပါ။
2. အပေါ်နှင့်အောက် နှုတ်ခမ်းသားပါးသူ
အချစ်ရေးကို သိပ်ပြီး စိတ်ဝင်မစားပါ။ အချစ်ရေးထက်စာလျှင် ဘဝရည်မှန်းချက် အောင်မြင်ရန် အဓိကထားပြီး လျှောက်လှမ်းနေသူပါ။ အချစ်ရေးကို လုံးဝ စိတ်မဝင်စားတာ မဟုတ်ပင်မဲ့ မိဘတွေ စီစဉ်တဲ့အတိုင်းကို လက်ခံမည့်သူ ဖြစ်ပါလိမ့်မယ်။
3. အပေါ် နှုတ်ခမ်းသားထူပြီး အောက်နှုတ်ခမ်းသားပါးသူ
အိမ်ထောင်ဖက် ရွေးသောနေရာမှာ လက်တွေ့ဘဝ အဆင်မပြေနိုင်သော အိမ်ထောင်ဖက်ကို စိတ်ကူးယဉ်ပြီး ချစ်သူဖြစ်သူက ဒီလိုဖြစ်သင့်တယ်၊ ဟိုလိုဖြစ်သင့်တယ်တို့ အတွေးထဲမှသာ တဝဲလည်လည် ဖြစ်နေတတ်သူပါ။
4. အပေါ် နှုတ်ခမ်း ပါးပြီး အောက်နှုတ်ခမ်းထူသူ
သူ့ကို ကြည့်ရင်တော့ ရိုးရိုးလေးပါ။ ဒါပေမဲ့ ချစ်လာပြီဆိုရင်တော့ သူ့ရဲ့အချစ်က ကြောက်စရာကြီးပါ။ ချစ်သူနဲ့ စိတ်ရောကိုယ်ပါ အမြဲအတူတူ ရှိနေချင်သောသူ ဖြစ်ပါလိမ့်မယ်။
5. နှုတ်ခမ်းစွန်းလေးတွေက အပေါ်သို့ တက်နေသောသူ
သူကတော့ ပျော်ပျော် နေတတ်သူပါ။ အချစ်ရေးမှာလည်း အကောင်းဘက်ကိုသာ မြင်တတ်ပြီး ချစ်သူရဲ့ အားနည်းချက် လေးတွေကို ကြိုးစားပြီး ဖြည့်ဆည်းပေးမဲ့သူပါ။
6. နှုတ်ခမ်းစွန်းလေးတွေက အောက်သို့ကျနေသောသူ
ဘယ်လောက်ပဲ လူကောင်းနဲ့တွေ့တွေ့ အဲဒီလူရဲ့ အားနည်းချက်တွေကိုပဲ မျက်စိထဲမြင်ပြီး အပြစ်ပြောနေတတ်သူပါ။ ကိုယ့်အကြောင်းကိုတော့ ဘေးချိတ်ထားလေ့ ရှိပါတယ်။
7. အပေါ်နှုတ်ခမ်းရဲ့ နှုတ်ခမ်းစွန်းထူသောသူ
ဘာကိစ္စမဆို သေသေချာချာ စဉ်းစားပြီး ဆုံးဖြတ်တတ်သူပါ။ အချစ်ရေးမှာတော့ လက်တွေ့ထက် ခေါင်းထဲမှာ စဉ်းစားတာတွေက များနေတတ်သူပါ။ ဒါပင်မဲ့ ချစ်ပြီဆိုတော့ သူမှလွဲ၍ အခြားသောသူကို ချစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ဆုံးဖြတ်ထားသူပါ။
8. အပေါ်နှုတ်ခမ်းရဲ့ နှုတ်ခမ်းစွန်းကျဉ်းသောသူ
တကိုယ်ကောင်း ဆန်သောသူဖြစ်ပြီး အချစ်ရေးက အလုပ်တစ်ခုလို အမြဲတမ်း အချိန်ပေးရမယ်ဆိုရင် တသက်လုံး အပျိုကြီး၊ လူပျိုကြီးသာ လုပ်မဲ့သူပါ။ ဘယ်သူတွေ ဘာပဲပြောပြော ခေါင်းအလွန်မာသော သူဖြစ်ပါလိမ့်မယ်။
9. အရှေ့သွား မြင်ရသောသူ
အရှေ့သွားကို မြင်နေရသော သူကတော့ စိတ်ဓာတ်ခိုင်မာသောသူ ဖြစ်ပါတယ်။ အပြင်ပိုင်းမှာတော့ ရိုးရိုးအေးအေးလေးလို့ မြင်ရပေမဲ့ တော်တော့်ကို ခေါင်းမာတတ်သူပါ။ ကိုယ်လုပ်ချင်တဲ့ အကြောင်းကိစ္စကို ဘယ်သူတွေက ဘာပဲပြောပြော ပြီးမြောက်အောင် လုပ်မဲ့သူပါ။
10. နှုတ်ခမ်းကြီးသောသူ
ချစ်သူအပေါ်တွင် အလွန် ကြင်နာတတ်သောသူ ဖြစ်ပြီး ချစ်သူ၊ ရည်းစားရဲ့ တန်ဖိုးထားခြင်းကိုလည်း ခံရပါလိမ့်မယ်။
11. နှုတ်ခမ်းသေးသောသူ
အချစ်ရေးအတွက် အားကြိုးမာန်တတ် ကြိုးစားမဲ့သူမဟုတ်ပဲ ကိုယ့်ရဲ့ မင်းသား၊ မင်းသမီးလေးက ဘယ်တော့ ပေါ်လာမလဲကို ထိုင်စောင့်မဲ့ပုံပါ။
မိမိရဲ့ မိတ်ဆွေတွေ အကုန်ဖတ်လို့ရအောင် Share ပေးအုံးနော်...
💓💓💓💓💓💓💓💓
#crd
Post a Comment