👧 ကျွန်မရဲ့ ချစ်ခြင်းသဘောတရား ♥
💓💓💓💓💓💓💓💓
နောင်မှ ရတဲ့ နောင်တ ဆိုတာ ဘယ်တော့မှ မကောင်းပါဘူး... ကိုယ်တကယ် ချစ်တဲ့သူကို စိတ်ပျက်အောင် မလုပ်မိပါစေနဲ့ .....
အခု အချိန်မှာတော့ ကျွန်မ ကောင်းကောင်း နားလည်နေပါပီ.. အရင်အချိန်တွေ တုန်းကလဲ နားမလည်တာ မဟုတ်ပါဘူး.. နားလည်ရက် သိသိနဲ့  ကျွန်မ ဆိုးမိတာပါ ...
ချစ်သူရှိတဲ့ သူငယ်ချင်းတိုင်း ခံစားမိမှာပါ. ချစ်သူကို စိတ်ပူတာ. သ၀န်တိုမိတာတွေလေ. ကျွန်မလည်း လူသားပီပီ အဝေးမှာနေတဲ့သူ့ကို စိတ်ပူတယ်. သ၀န်တိုမိတယ်.
အဲ့ဒီလိုဖြစ်တိုင်း သူနဲ့ ကျွန်မ အမြဲ စိတ်ကောက်ကြတယ်...... သူက အမြဲ အရှုံးပေးပါတယ်... ကျွန်မ သူ့ ကို သိပ်ချစ်လို့  သဝန်တို.. စိတ်ကောက်မိတာတွေဟာ နောက်ပိုင်းမှာ ကျွန်မကို သူစိတ်ပျက်သွားမယ့် အကြောင်းအရာ တွေလို့ တကယ် မထင်ခဲ့မိပါဘူး........
ကျွန်မ သိပ်ချစ်လို့  ဆိုးမိတာကို သူကတော့ မသိခဲ့တာလား.. သိရက်နဲ့ ပဲ ချိုးသွားတာလား ဆိုတာ သူပဲ သိပါလိမ့်မယ်လေ... ကျွန်မကြောင့် သူ စိတ်ညစ်ခဲ့ရတယ် ဆိုတာ တွေ ကို ကျွန်မ တကယ်မသိခဲ့ပါဘူး.....
ကျွန်မ သိတာကတော့ တစ်ခုတည်းပါပဲ.. အဲဒါကတော့ သူနဲ့ မတွေ့ ရရင် သူ့ ကို စိတ်ကောက်ဖို့ ပဲ သိခဲ့မိတယ်... အခု အချိန်မှာတော့ ကျွန်မရဲ့ စိတ်ကောက်မှုတွေ အတွက် ရရှိလာတဲ့ ရလဒ်ကတော့ ချစ်သူရဲ့ စိတ်ပျက်မှုပါပဲ.....
အဲဒီထက် ဆိုးရွားတာကတော့ ကျွန်မကို လုံးဝ လှည့်မကြည့် တော့လောက်အောင်ကို ဖြစ်သွားပါတယ်... အဲလို ဖြစ်လာမယ်လို့  အတွေးထဲတောင် မရှိခဲ့ရိုး အမှန်ပါ..
သူနဲ့ ကျွန်မက သိပ်ချစ်မိခဲ့ကြတယ်လေ.. တနေ့ မတွေ့ ရရင်တောင် မနေနိုင်လောက်အောင် ဖြစ်ခဲ့မိပါတယ်...
အခု အချိန်ထိလဲ ကျွန်မ စိတ်ထဲမှာ သူ့ကို ချစ်သူတယောက်လို ပဲ သဘောထားပါတယ်.... လူဆိုတာ တသက်မှာ တခါပဲ ချစ်တတ်တာပါ.... အရင်က ကျွန်မ သိတဲ့ အချစ်က ရယူပိုင်ဆိုင်ခြင်း လို့ သိထားမိတယ်.... ကျွန်မ ချစ်တဲ့သူကို ဘယ်သူ့ မှ မပေးချင်ပါဘူး...
အခု အချိန်မှာတော့ ကျွန်မသိတဲ့ အချစ်က တော့ ပေးဆပ်စွန့်လွှတ်ခြင်းပါပဲ.. သူစိတ်ချမ်းသာမယ်ဆို ဘာမဆို ပေးဆပ်ရဲရမယ်လေ......
ငှက်ကလေးတစ်ကောင်ကို လှောင်အိမ်ထဲ ထည့်ထားပြီး သူဘယ်နေ့ ပြန်ထွက်သွားမလဲ လို့ စိုးရိမ်စိတ်နဲ့ စောင့်ကြည့် ပူပန်နေရမှာထက် လွတ်လပ်ပျော်ရွှင်စွာနဲ့ သူပျံသန်းသွားတာကို ကြည့်ပြီး ၀မ်းသာပေးလိုက်ပါမယ်...
ဒါဆို မင်းအပြင် နောက် တစ်ယောက် ထပ်ထားရင်ကော ခွင့်လွှတ်မှာလား လို့မေးရင် အရင်ထဲက သူက ကျွန်မအတွက် လို့ မသတ်မှတ်ထားတဲ့အတွက် သူစိတ်ချမ်းသာမယ် ဆိုရင် နားလည်ပေးမှာပါ.
အချစ်ဆိုတာ ရယူချင်လား. စွန်လွှတ်ချင်လား လို့မေးရင် မသိဘူးလို့ပဲ ဖြေမိမှာပါ. ကျွန်မသိတဲ့အချစ်က ကိုယ့်ချစ်သူကို စိတ်ချမ်းသာစေဖို့ပါ.
ကိုယ့်ကြောင့် သူစိတ်ရှုပ်စရာဆိုတာ လုံးဝ မရှိစေချင်တော့တာပါ.... သူငယ်ချင်းတို့လဲ အချင်းချင်း နားလည်မှု လွဲခဲ့ရင် မေတ္တာစိတ်လေး ထည့်ပြီး ခွင့်လွှတ်ပေးလိုက်ပါ.
အမှားရှိရင်လည်း ဒါ သူ့အားနည်းချက်ပဲ ဆိုပြီး နားလည်ပေးလိုက်ပါ. ချစ်ခြင်းမှာ အသွားအပြန်ရှိဖို့ မသေချာပေမယ့် မေတ္တာတရားမှာတော့ အသွားအပြန်ရှိမှာ သေချာပါတယ်..
ကျွန်မ ခံစားမိတာလေးတွေကို နားလည်သလောက် ရေးထားတဲ့ဖြစ်တဲ့အတွက် အမှားပါရင် လိုအပ်တာရှိရင် နားလည်ခွင့်လွှတ်ပေးပါ. အားလုံး ပျော်ရွှင်နိုင်ပါစေ....
💓💓💓💓💓💓💓💓💓💓
©®[} မိုးစက်ပွင့်လေး
Post a Comment