💞ချစ်သူဖတ်ဖို့ ရေးတဲ့စာ 💞
🍃🍃🍃🍃🍃🍃🍃
❣️အချစ်တစ်ခု
ရဖို့အတွက်
ဘယ်တော့မှ
ငါ .....
လိမ်မပြောပါဘူး
မင်းအတွက်ပဲ
လမ်းပြပေးမှာပါ။
❣️ငါ့ကို....
ယုံပါ.. လို့
မပြောလိုပါဘူး ....
မျှမျှတတလေးတော့
စဉ်းစားပေးပါ ချစ်တယ့်သူ...။
❣️အန္တရာယ်တွေ
ဆုံကြုံလာတိုင်း
ငါ့ကို....
ပြေးမြင်လိုက်ပါ...
မင်းအတွက်
တံတိုင်းကြီးတစ်ခုလို
ငါ ......
ကာရံထားပေးမယ်။
❣️ငွေ...ဆိုတာ
ဒုတိယဘုရားသခင်... တဲ့
ငါ အဲဒိ...
ဘုရားသခင်ကို
တွေ့ဆုံဖို့ရာ
ကြိုးစားရှာနေပါတယ်။
အနည်းဆုံးတော့
မင်းဘဝလေး
ဝမ်းဝ ခါသာ...
ခါးလှစေရမှာပါ။
❣️ရုပ်အလှတွေ
ငါ့မှာ မရှိပါဘူး
ဒါပေမယ့်...
မင်းအတွက်
နှလုံးလှ သူရဲကောင်း
ဖြစ်စေရပါမယ်။
❣️ငါ့ကို...
ချုပ်ခြယ်ပါ...
အမြဲတမ်း ....
ချုပ်ခြယ်ခွင့် ပေးပါတယ်။
ဒါပေမယ့်...
ခြယ်လှယ်ခွင့်တော့
မပေးနိုင်ပါဘူး...။
ငါကလေ..
အချစ်ကြီးရင်
အမျက်ကြီးတတ်လို့ပါ။
❣️ငါ့ထက်ပိုကာ
ချစ်ပြစရာ မလိုပါဘူး
ငါ ပေးလေတယ့်
ချစ်ခြင်းကိုသာ
မင်းလေးက...
တန်ပြန်ကာ
သက်ရာက်မှုလေးပဲပေးပါ။
❣️နောက်ဆုံး...
ငါ့ကို...
မချစ်တော့ဘူးဆိုရင်
ငါ့မှာ နှလုံးသား
အပိုမပါတဲ့အတွက်
ကြိုတင်ခါသာ..
သတိပေးချက်လေးတော့
ထားပေးခဲ့ပါ ချစ်သူ..
( မျှော်လင့်ခြင်းများနဲ့ မရှင်သန်ချင်လို့ပါနော် )
Crd-ကျော်ကျော်ခိုင်
Post a Comment