Header Ads

👦 ယောကျာ်းလေးတစ်ယောက်က ရည်းစားစကားပြောတဲ့အခါ💘


💓💓💓💓💓💓💓💓
မချစ်ရင် မချစ်ဘူး လို့ တစ်ခါထဲ ငြင်းလိုက်ပါ။ မချစ်တာကို တစ်ချိန်ကျရင် ပြန်ချစ်မယ် ဆိုတဲ့ မျှော်လင့်ချက်တွေ မပေးပါနဲ့။

လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးဖို့ ဘာလက်နက်မှ မလိုပါဘူး။ အဲ့လူရဲ့ မျှော်လင့်ချက်ကိုပဲ ပျက်စီးအောင် လုပ်လိုက်ပါ။ မျှော်လင့်ချက်သာ ပျက်စီးသွားရင် အဲ့လူဟာ စိတ်ရော ၊ ကိုယ်ပါ သေပါတယ်။

အချို့ မိန်းကလေးတွေကျတော့ ချစ်လဲ မချစ်ပဲနဲ့ မျှော်လင့်ချက်တွေ အများကြီးပေးထားပြီး အချိန်အကြာကြီး စောင့်ခိုင်းတယ်။ အဖြေပြန်ပေးမယ့် အချိန်ကျတော့ မချစ်ဘူး လို့ ငြင်းတယ်။ အဲ့တာက နဲနဲခံသာသေးတယ်။

ဒါပေမယ့် အဲ့လိုလုပ်တာဟာ လုံးဝ မကောင်းပါဘူး။ တော်တော် အကျည်းတန်လွန်းပါတယ်။

မျှော်လင့်ချက်တွေ ပေးထားတယ်။ အဖြေပြန်ပေးမယ် ဆိုပြီး အချိန်အကြာကြီးလဲ စောင့်ခိုင်းထားတယ်။ စောင့်နေစဉ် အတွင်းမှာပဲ ကောင်မလေးက နောက်တစ်ယောက်နဲ့ တွဲသွားတယ်။

အဲ့မှာ မျှော်လင့်ချက်တွေ အများကြီး ထားပြီး စောင့်နေရတဲ့ ယောကျာ်းလေးက သေရောပဲ။ အသဲတွေ ကွဲရော။ စိတ်ဓာတ်က ပြန်ဆယ်လို့ မရအောင် အောက်ဆုံးထိကျရော။ ကောင်လေးက ဆင်ခြင်ဉာဏ်မရှိတဲ့ သူဆိုရင် အရက်သမားတောင် ဖြစ်သွားနိုင်တယ်။

အဲ့ဒါကြောင့် ကိုယ်မချစ်ရင် မျှော်လင့်ချက်တွေ မပေးပါနဲ့။  တစ်ခါထဲ မချစ်ဘူး လို့သာ ငြင်းလိုက်ပါ။ အဲ့တာက အကောင်းဆုံး နည်းလမ်းပါပဲ။ ငြင်းခံရတဲ့ ကောင်လေးလဲ အများကြီး မခံစားရတော့ပါဘူး။

လူတစ်ယောက်ကို သတ်ချင်ရင် ရိုးရိုးတမ်းတမ်းပဲ သတ်ပါ။ မျှော်လင့်ချက်တွေပေးပြီးတော့ မသတ်လိုက်ပါနဲ့။
💓💓💓💓💓💓💓💓

#kzy_crd

No comments

Powered by Blogger.
close