❀❀ လက်တွဲဖော် ဆိုတာ ❀❀
❀❀ လက်တွဲဖော် ဆိုတာ ❀❀
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
♡ လက်တွဲဖော်ဆိုတာ
အမြဲ အနိုင်ယူရမဲ့အရာမဟုတ်ဘူး••••
♡ လက်တွဲဖော်ဆိုတာ
အမြဲတမ်း ရစ်လို့ ဂျီကျလို့ရတဲ့
မိဘနှစ်ပါးလိုမဟုတ်ဘူး
♡ လက်တွဲဖော်ဆိုတာ
ကိုယ်ဒေါသဖြစ်နေတဲ့အချိန်
စိတ်ဖြေစရာ အော်ငေါက်ဖို့
အရုပ်ကလေးမဟုတ်ဘူး
♡ လက်တွဲဖော်ဆိုတာ
အဆင်ပြေတဲ့ အချိန်ပြုံးပြပြီး
အဆင်မပြေတဲ့ အချိန်
မျက်နှာ လွှဲထားလို့ရတဲ့
သက်မဲ့ ပစ္စည်းမဟုတ်ဘူး
♡ လက်တွဲဖော်ဆိုတာ
လူအများနဲ့ ပတ်ဝန်းကျင်မှာ
အမြဲတမ်း လှောင်ရယ်ရအောင်
တန်ဖိုးမဲ့တဲ့ အရာမဟုတ်ဘူး
♡ လက်တွဲဖော်ဆိုတာ
လိုအပ်မှ အသုံးဝင်တဲ့
လိုသုံး တစ်ခုမဟုတ်ဘူး
♡ လက်တွဲဖော်ဆိုတာ
တစ်ရှူး တစ်စလို
တစ်ခါသုံး ပစ္စည်း မဟုတ်ဘူး
♡ လက်တွဲဖော်ဆိုတာ
အမြဲတမ်း စေခိုင်းခံရအောင်
ကျွန်တစ်ယောက်မဟုတ်ဘူး
♡ လက်တွဲဖော်ဆိုတာ
အမြဲတမ်း အပြစ်မြင်ရအောင်
အမှုကျူးလွန်တဲ့ တရားခံမဟုတ်ဘူး
♡♡ လက်တွဲဖော်ဆိုတာ
မတူညီတဲ့ဘဝနှစ်ခုကြားက
ရွေးချယ်လိုက်ပီဆိုရင်
ယုံကြည်မှုစိတ်ချမှုမြတ်နိုးတန်ဖိုးထားမှု
ဂရုစိုက် ကြင်နာ ယုယမှုတို့နဲ့
အားနည်းချက်အားလုံးကို
နားလည်ဖြည့်တွေးပေးပီး
အေးအတူ ပူအမျှ ခန္ဓာ မြေခတဲ့အထိ
ကျေနပ်စွာ လက်တွဲသွားဖို့ပါပဲ😊
ရွေးချယ်ကြသော တွဲလက်တိုင်း
နားလည်မှုနဲ့ ရှေ့ဆက်နိုင်ကြပါစေ
Saw Fay Cumtu
Post a Comment