Header Ads

💝 B သွေး အကြောင်း သိကောင်းစရာ 💝


B သွေးများဟာ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်ကြသူများ ဖြစ်ကြပါတယ် အားတဲ့အချိန်တိုင်း အခန်းထဲမှာ တစ်ယောက်တည်း နေရင်း ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်ပါတယ်။
သိပ်မခင်တဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရင် ခပ်တည်တည်နေတတ်ပြီး အရမ်းခင်တဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရင်တော့ နားညည်းအောင် ပြောတတ်တာ B သွေးတွေပါ
လူတိုင်းကို မခင်တတ်လို့ မာနကြီးတယ်လို့ ထင်ခံရတတ်ပြီး ပေါင်းကြည့်မှ တကယ်ကို ရိုးသားဖြူစင်ကြတာပါ
မိသားစုထဲမှာပဲဖြစ်ဖြစ် သူငယ်ချင်း အပေါင်းအသင်းကြားထဲမှာဖြစ်ဖြစ် ကိုယ့်ကို ပိုဂရုစိုက် ပိုချစ်တာ လိုချင်တတ်ကြပါတယ်.
အလိုလိုက်ခံရရင်လည်း အရမ်းပျော်တတ်ကြပါတယ် အရမ်းခင်တဲ့လူတွေအပေါ် တကယ့်စိတ်ရင်းမပါဘဲ ချစ်စနိုးနဲ့ အနိုင်ကျင့်တတ်သလို
ကိုယ့်ကို အနိုင်ကျင့်ရင်လည်း အလျော့ပေးတတ်ပါတယ်
ခဏခဏ စိတ်ကောက်တတ်ပီး ဘယ်သူမှ ပြန်ချော့စရာမလိုပဲ အလိုလို စိတ်ကောက်ပြေသွားတတ်တာလည်း B သွေးတွေပါပဲ
ဝမ်းနည်းလွယ်ပီး မျက်ရည်အကျ မြန်တတ်ပါတယ် ပျော်စရာကိစ္စ တစ်ခုကို အကြာကြီး မခံစားတတ်ပေမယ့်
ဝမ်းနည်းစရာကိစ္စနဲ့ ကြုံလာပါက ပြန်တွေးလိုက် စိတ်မကောင်းဖြစ်လိုက် မျက်ရည်ကျလိုက် ဖြစ်နေတတ်ကြပါတယ်
အရမ်းကြိုက်တဲ့ သီချင်းတစ်ပုဒ်ကိုပဲ ထပ်ခါထပ်ခါ နားထောင်တတ်တာလည်း B သွေးတွေရဲ့ စရိုက်တစ်မျိုးပါ
စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုကို အချိန်ခဏလေးနဲ့  တတ်မြောက်ပေမယ့် စိတ်မ၀င်စားတဲ့ အကြောင်းအရာဆိုပါက မည်သို့ပင် အကျိုးရှိစေကာမူ လှည့်မကြည့်တတ်ကြပါ
အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ အားနည်းချက် အနည်းငယ် ရှိတတ်ကြပါတယ်
သံသယစိတ် အနည်းငယ်ဝင်တတ်ပီး ကိုယ့်ကိုယ်ကိုလည်း မယုံကြည်တတ်ကြပါဘူး
အချစ်ရေးထက် မိသားစုအရေးကို ပိုဦးစားပေးတတ်ကြပါတယ် မိသားစုအတွက် အမြဲကြိုးစားနေပီး စိတ်ချမ်းသာ ပျော်စေချင်တာ B သွေးတွေပါ
B. သွေးပိုင်ရှင်များရဲ့အကြောင်း တစိတ်တပိုင်း..
B. သွေးပိုင်ရှင်တွေဟာ ဒေါသထွက်နေတဲ့အချိန်ဆိုရင် မိုးမမြင်လေမမြင်ပါပဲ.. သူတို့စိတ်ထဲမှာရှိတဲ့အတိုင်း လုပ်တတ်ကြတယ်..
အရာဝတ္ထုတခုခုကို အာရုံရနေရင် ဘေးပတ်ဝန်းကျင်ကို သတိမထားကြတော့ဘူး.. သူတို့လုပ်နေတဲ့အရာကိုပဲ အာရုံစိုက်လုပ်နေတတ်ကြတယ်..
လူတယောက်ကို ချစ်မိပြီဆိုရင်လည်း အသဲအသန်ပါပဲ သူတို့ချစ်မိနေတဲ့သူ ဘယ်လောက်ပဲဆိုးသွမ်းနေပါစေ အဲဒီဆိုးသွမ်းမှူ့တွေကို မမြင်နိုင်ကြတော့ဘူး.. လိမ်ပြောနေတာကိုသိနေရင်တောင် ဖြည့်ပြီးတွေးတတ်ကြတယ်..
လုပ်စရာ ရှိတာကို သူတို့အသိဥာဏ်နဲ့ စဉ်းစားပြီး သွားလုပ်မဲ့အချိန်မှာ တယောက်ယောက်က ကိုယ်သွားလုပ်မဲ့အရာကို လက်ညှိုးထိုးခိုင်းလိုက်ရင် စိတ်ထဲမှာ သိပ်မကျေနပ်ကြဘူး ဘုဂလန့်တိုက်ချင်ကြတယ်...

သူတို့ စာဖတ်နေတဲ့အချိန် TV ကြည့်နေတဲ့အချိန် တယောက်ထဲ ဘာရယ်မဟုတ် ငုတ်ထိုင်စဉ်းစားနေတဲ့အချိန်မှာ တယောက်ယောက်က လှမ်းခေါ်ရင် မကြိုက်ကြဘူး... မဖြစ်မနေ ပြန်ထူးရမယ်ဆိုရင် ပုံမှန်မဟုတ်တဲ့ အသံနဲ့ ပြန်ထူးတတ်ကြတယ်...
သူတို့စိတ်ထဲမှာ သဘောမကျတဲ့ သူတွေဆို လုံးဝ စကားမပြောချင်ကြဘူး မဖြစ်မနေ စကားပြောရမယ်ဆိုရင်တောင် ၀တ်ကျေတန်းကျေပဲ ပြန်ပြောတတ်ကြတယ်... အဲဒီလူနဲ့ မပတ်သတ်ချင်တော့ဘူးဆိုရင် ဟန်ဆောင်ပြိးတော့ကို စကားမပြောချင်ကြတော့တာ.
အရမ်းသွားချင်တဲ့ နေရာတွေဆိုရင် တယောက်ထဲဖြစ်နေပါစေ ရောက်အောင်သွားတတ်ကြတယ်.. မသွားချင်တဲ့နေရာဆိုရင် ထမ်းခေါ်ပါ့မယ် လိုက်ခဲ့လို့ပြောရင်တောင် မလိုက်ချင်ကြဘူး....
သူသွားချင်တဲ့ နေရာဆိုရင် သွားသင့်လား မသွားသင့်ဘူးလားဆိုတာ မစဉ်းစားတော့ဘူး ရောက်အောင်ကို သွားတတ်ကြတယ်....
သူတို့တွေဟာ အရမ်း ဟန်ဆောင်ကောင်းကြတယ်... သူတို့အရမ်းချစ်တဲ့ ခင်တဲ့သူတွေပေါ်မှာပဲ ဟန်ဆောင်ကောင်းကြတာပါ...

သူတို့ မခင်တဲ့သူ သံယောဇဉ်မရှိတဲ့ သူတွေအပေါ်မှာတော့  ဟန်ဆောင်မကောင်းကြပါဘူး...
သူတို့တွေဟာ အရမ်းအရယ်သန်ကြတယ်... စိတ်ပျော်ရွှင်နေတဲ့ အချိန်မှာဆို ပြုံးရယ်ခြင်းတွေဟာ အချိန်တော်တော်ကြာထိ ရပ်တန့်မသွားကြဘူး... စိတ်မပျော်ရွှင်တဲ့အခါ တယောက်ယောက်က ဟာသလာပြောနေပါစေ ပြုံးရယ်ခြင်းမရှိဘူး တည်ငြိမ်စွာပဲ နေတတ်ကြတယ်....
ဘီသွေးများ
1… သင်ဟာ အရမ်းချောတဲ့အထဲမှာ မပါပေမဲ့ သင်ဟာ လူအများ စိတ်ဝင်စားခြင်းခံရတဲ့ အထဲမှာတော့ အမြဲပါနေတတ်ပါတယ် တနည်းပြောရရင် သင်ဟာ ချစ်စရာကောင်းသော အသွင်တမျိုးကို ပိုင်ဆိုင်ထားးးပါတယ်…
2.…သင်ဟာ မွေးထဲက ပြည့်စုံတဲ့ သူတစ်ယောက် မဟုတ်ပေမဲ့ သင်ဟာ အရမ်း ဆင်းရဲသော သူတစ်ယောက် အဖြစ်ကိုလဲ ဘယ်တော့မှ မရောက်ရှိပါဘူးးးးး
3… သင်ဟာ ဥာဏ်ရည်မြင့်မားမှုနဲ့ ဖြတ်ထိုးဥာဏ်ကောင်းသော သူတစ်ယောက်ပါ
4…သင့်မှာ ကောင်းမွန်တဲ့ စိတ်ဓာတ် ကိုယ်ချင်းစာမှု သူတစ်ပါးအား သနားတတ်သော စိတ်တွေဟာ သစ်ပင်ရဲ့ အမြစ်လို မွေးရာပါ သန္ဓေတည် ခဲ့သော သူတစ်ယောက်ပါ
5…သင်ဟာ အားနာရင်လဲ အရမ်းအားနာတတ်ပေမဲ့ အားမနာမိတော့ရင်လဲ လူတစ်ယောက်ကို ရစရာမရှိအောင် ပြောဆိုတတ်ပါတယ်

6…သင်ဟာ မာနကြီးသော သူတစ်ယောက်.. မဟုတ်တာ ပြောခံရရင် သေးသေးတင် မခံနိုင်သောသူ တစ်ယောက်ဖြစ်မှန်းး ဝန်ခံလိုက်ပါ……………
7…သင်ဟာ အချစ်ကြီးသော သူတစ်ယောက် ချစ်သူအပေါ် သဝန်တိုမှု လွန်ကဲသောသူ တစ်ယောက် ဖြစ်မှန်းးလဲ ဝန်ခံလိုက်ပါ
8…ထို သဝန်တိုမှုတွေ အချစ်ကြီးမှုတွေကြောင့်ဘဲ သင်ဟာ အချစ်မှာ မအေးချမ်းနိုင်ဘဲ ချစ်သူနဲ့ လမ်းခွဲမှုတွေ မကြာခဏ ဖြစ်ပေါ်နေသော သူတစ်ယောက်ပါ
9... B သွေး အချစ် တည်မြဲချင်ပါသလားး? လက်ရှိတွဲနေတဲ့ ချစ်သူကို အကန်းတစ်ယောက်လို မျက်စိမှိတ်ပီးး ချစ်လိုက်ပါ။ အရာ၂ နားးလည်မှု ပေးးလိုက်ပါ။ တခါတရံပေါ်လာတဲ့ မိ၂ရဲ့ မာနတွေကို တံတွေးနဲ့အတူ မြိုချလိုက်ပါ... ဒါဆို သင်ဟာ ဒီလောကမှာ အချစ်ကံအကောင်းးဆုံးးလူ ဖြစ်လာပါလိမ့်မယ်
10…သင့်ရဲ့ အချစ်ကြီးမှု ဟာ သင့်အတွက် သေဆေး အဆိပ်တစ်ခွက်လို ဖြစ်နေတယ် ဆိုတာ သင် ဒီတစ်သက် လုံးဝလုံးဝ မမေ့ပါနဲ့ ......

ထပ်ပြောပါမယ်
သင့်ရဲ့ အားနည်းချက်ဟာ…
သင့်ရဲ့
အချစ်ကြီးးမှု ပါဘဲ……………
Credit:

No comments

Powered by Blogger.
close