Header Ads

👧Perfect ဖြစ်တဲ့မိန်းခေးတွေဟာ အချစ်ကံခေကြတယ်


💓💓💓💓💓💓💓💓👧
မိန်းခလေး တစ်ယောက်ရဲ့ ဘဝမှာ အစစ အရာရာ Perfect ဖြစ်လာလေလေ အချစ်စစ်နဲ့ ပိုဝေးကွာ သွားလေပါဘဲ။ အကြောင်း အရင်းကတော့

(1) အချစ် အတွက် အချိန် မပေးနိုင်ကြပါဘူး။
   
လုပ်စရာ အလုပ်တွေ ခေါင်းမဖေါ်နိုင်အောင် များနေတာ… ပညာရေး ဘက်ကို စိတ်ရော လူပါ နှစ်ထားရတာ… ဘဝ အတွက် ရုန်းကန်နေရတာ… တွေကြောင့်ပါ။ ဖုန်းတွေ နာရီနဲ့ ချီပြောနေဖို့အတွက် အချိန် မပေးနိုင်ပါဘူး… Online ပေါ်တက် ဟိုပွတ် ဒီပွတ် လုပ်နေဖို့ အချိန် မရှိပါဘူး… Dating တွေအတွက် ဖဲ့ပေးဖို့ အချိန် မပိုကြပါဘူး။

(2) အထင်ကြီး ခံနေရတာနဲ့ နာမည်ကြီး ထမင်းငတ် ဖြစ်နေတတ်တယ်။
   
ဒီလောက် ချောတာ ရည်းစား ရှိမှာဘဲ ဆိုပြီး အနားမကပ်ရဲတာ… နေတတ်သလို နေတဲ့ရုပ်ကို မာနကြီးတယ် ထင်ပြီး လန့်နေကြတာ.. ဖြစ်သလိုလေး ဝတ်စားထားတာကိုဘဲ ရှိန်နေကြတာ… ချစ်သူ ရှိလောက်တယ် နံပါတ် ရှိပြီးလောက်ရဲ့ ဝိုင်းဝိုင်း လည်နေမှာပဲ စသည်ဖြင့် သူတို့စိတ်နဲ့သူတို့ ထင်ချင်ရာ ထင်ပြီး သွေးပျက် နေတတ်ကြတယ်။ အမှန်က မိမိမှာတော့ ဖက်စရာ ငှက်ပျောတုံးတောင် ဘယ်ဆီ နေမှန်းမသိ။ (ဟုတ်လား)

(3) Family တွေဘက် ပြန်ငဲ့ရတယ်။

ရည်းစား ထားဖို့ အိမ်ထောင်ပြုဖို့အတွက် အိမ်နဲ့  Family တွေရဲ့ စိတ်သဘောထား အခြေအနေ ပြန်ပြန် ကြည့်နေရတယ်။

ကိုယ်ဖြစ်ချင်တာ လုပ်ချင်တာကို ဆုံးဖြတ်ခွင့် ရှိပါလျက် အနစ်နာခံပြီး စတေး လိုက်ရတာ များပါတယ်။ ရည်းစားရလည်း မမြဲနိုင်ဘူး Family ဘက်ကိုပဲ ဦးစားပေး နေတယ် စသည်ဖြင့် အပြောခံရတာနဲ့… ပြတ်တာက များပါတယ်။

ကြာလာတော့…
အချစ်ထက် အရေးကြီးတဲ့ အရာတွေ ဆီမှာဘဲ ပိုတန်ဖိုးထားလိုက်ဖို့ ဘဝကို မြုပ်နှံလိုက်ဖို့ ဆုံးဖြတ်လိုက်တာမျိုးတွေ ရှိတယ်။ သူငယ်ချင်း တွေကိုဘဲ အချစ်တွေ ပုံအောပေး လိုက်ကြတယ်။ စာအုပ် တွေနဲ့ဘဲ အချိန်တွေကို ဖြတ်သန်းလိုက်ကြတယ်

ကိုယ့်ကို တစ်ကယ် လိုအပ်တဲ့ သူကိုဘဲ ပြန်ပြုံးပြ ရယ်ပြ လိုက်ကြတယ်… အဲလိုနဲ့ပဲ မိမိဟာ အစစ အရာရာ ပြည့်စုံ နေပါရက်နဲ့ အချစ်ရေးမှာတော့ ကံခေ သလိုမျိုး ဖြစ်နေကြ ရတာပေါ့ကွယ်။

crd#sm

No comments

Powered by Blogger.
close