👦ယောင်္ကျားလေးတို့ တကယ်လက်တွဲမယ့် မိန်းမဆိုတာ👧
💓💓💓💓💓💓💓💓💑
💝 ယောက်ျားတွေဟာ မိန်းကလေး တစ်ယောက်ရဲ့ အပေါ်ယံ အလှအပကို သူတို့ရဲ့ မျက်စိနဲ့ စိတ်အဟာရ အတွက် တစ်ခဏတာသာ စွဲလန်း တတ်ကြပါတယ်။ ဒါဟာ အချစ်စစ် မဟုတ်သလို တစ်သက်တာ လက်တွဲသွားဖို့လဲ စိတ်ကူး မရှိနိုင်ပါဘူး။
💝 ယောက်ျားတွေအတွက် သူတို့ရဲ့ အတွေး စိတ်ကူးထဲမှာ တစ်သက်တာလုံး လက်တွဲ ရွေးချယ်ရမယ့် မိန်းကလေး တစ်ယောက်မှာ ရှိရမယ့် "စံ" ဆိုတာ ရှိပါတယ်။
💝အဲဒါတွေကတော့💝
💝 အပြင်ပန်းလှတဲ့ မိန်းကလေး တစ်ယောက်ထက် အတွင်းစိတ် သဘောလှတဲ့ မိန်းကလေးမျိုး။
💝 အလှအပအတွက် အချိန်ကုန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင် ခြယ်သလွန်းတဲ့ မိန်းကလေးမျိုးထက် ရိုးရှင်းပြီး ကြည့်လိုက်ရင် သန့်ရှင်း သပ်ရပ်နေတဲ့ မိန်းကလေးမျိုး။
💝 သူ့ ဆန္ဒထက် ကိုယ့် ဆန္ဒကိုသာ အမြဲ ဦးစားပေး တတ်တဲ့ မိန်းကလေးမျိုး။
💝 မိတ်ဆွေ အပေါင်းအသင်း များရဲ့ အလယ်မှာ ကိုယ့်ရဲ့ ဂုဏ်ကို မြှင့်တင် ပေးတတ်တဲ့ မိန်းကလေးမျိုး။
💝 ယောက်ျားတွေဟာ ခဲရာ ခဲဆစ်နဲ့ လုံ့လ စိုက်ထုတ်လို့ ရရှိလာတဲ့ ပစ္စည်းကို တန်ဖိုး ထားကြသလိုပဲ ခက်ခက် ခဲခဲနဲ့ အားထုတ် ကြိုးစား ပြီးမှ ရလာမယ့် အချစ်မျိုး ရှိတဲ့ မိန်းကလေးမျိုး။
💝 အိမ်ရှင်မကောင်း ပီသလို့ ရရှိ လာမယ့် ရင်သွေး ရတနာတွေကို မိခင် စိတ်ဓာတ် အပြည့်နဲ့ ပြုစု စောင့်ရှောက် ကြင်နာမှု ပေးနိုင်တဲ့ မိန်းကလေးမျိုး။
💝 ကိုယ့် မိဘဆွေမျိုး အသိုင်းအဝိုင်းကို သူ့မိဘ ဆွေမျိုး အသိုင်းအဝိုင်းလို သဘောထားတတ်တဲ့ မိန်းကလေးမျိုး။
💝 ကိုယ့် မျက်လုံးကို ကြည့်လိုက်တာနဲ့ ကိုယ့် စိတ်ကို အလိုလို နားလည်ပြီး အလိုက်သိတတ်တဲ့ မိန်းကလေးမျိုး။
💝 ယောက်ျားတွေရဲ့ ဘဝမှာ တန်ဖိုး အထားရဆုံး ဖြစ်တဲ့ သူ့မိခင် သဘောကျပြီး မိခင်နဲ့ အဆင်ပြေနိုင်မယ့် မိန်းကလေးမျိုး။
💝 ခင် ပွန်း အ ပေါ် ရို သေ ချစ် ခင် ပြီး ယုံ ကြည် အား ကိုး တဲ့ မိန်း က လေး မျိုး။
💝 ယောက်ျား တစ်ယောက် အပေါ် လိမ္မာ ပါးနပ်စွာ ဓားမပါပဲ အုပ်ချုပ် နိုင်ပြီး ကြိုးမပါပဲ ချည်နှောင် နိုင်တဲ့ မိန်းကလေးမျိုး။
💝 အဲဒီလို "စံ" သတ်မှတ်ချက် တွေနဲ့ ပြည့်စုံနေတဲ့ မိန်းကလေး မျိုးကိုသာ ယောက်ျား အများစုက နောက်ဆုံးမှာ ဘဝ လက်တွဲဖော် အဖြစ် ရွေးချယ်လေ့ ရှိကြပါတယ်။
credit to original
Post a Comment