👦ကောင်လေးနဲ့ 👧ကောင်မလေးပုံပြင်
💓💓💓💓💓💓💓💓💑
ကောင်လေး ❝ငါ့မှာ ပိုက်ဆံ မရှိဘူး ❞
ကောင်မလေး ❝ငါတို့နှစ်ယောက် တူတူ ရှာကြမယ်လေ ❞
ကောင်လေး ❝ ငါ့မှာ အိမ်မရှိဘူး❞
ကောင်မလေး ❝ငါတို့နှစ်ယောက် အတူတူ ဆောက်ကြမယ်လေ ❞
ကောင်လေး ❝ငါ့မှာ ကားမရှိဘူး ❞
ကောင်မလေး ❝ငါတို့နှစ်ယောက် လမ်းလျှောက်ကြတာပေါ့ ❞
ကောင်လေး ❝ငါနဲ့ ဘာလို့ အတူတူ နေချင်ရတာလဲ ? ❞
ကောင်မလေး ❝ငါ ယုံကြည်ပါတယ် နင့်လက်တစုံနဲ့ ငါလိုချင်တဲ့ ဘဝမျိုးကို ဖန်တီးပေးနိုင်မယ် ဆိုတာ နင့်အနား ရှိနေခွင့်ရရင် ငါ့အတွက်တော့ ပြီးပြည့်စုံပါပြီ ❞
ဒီလိုနှင့် သူတို့နှစ်ဦး အတူတူ နေဖြစ်သွားကြသည်
ငါးနှစ်ကြာသော်
ကောင်လေးမှာ ကိုယ်ပိုင် အိမ် ၊ ကိုယ်ပိုင် ကား ပိုင်ဆိုင်လာပြီး ကောင်မလေးနဲ့ ကလေးတွေနဲ့ အပန်းဖြေ ခရီးကို ထွက်လည်နိုင်လာတယ်…
ကောင်မလေး မျက်နှာမှာတော့ အပြုံး လေးတွေ ပီတိလေးတွေနဲ့ ဝေဆာနေတာပေါ့
အောက်တွင် ဆက်ဖတ်ရန်...
↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝
ကောင်လေး ❝ငါ့မှာ ပိုက်ဆံ မရှိဘူး❞
ကောင်မလေး ❝နင် ကြိုးစား ရှာလေ❞
ကောင်လေး ❝ငါ့မှာ အိမ်မရှိဘူး❞
ကောင်မလေး ❝နင် ကြိုးစား ဆောက်လေ❞
ကောင်လေး ❝ငါ့မှာ ကားမရှိဘူး❞
ကောင်မလေး ❝ငါတို့ သွားလည်ရင် ဘာနဲ့သွားမှာလဲ ? ❞
ကောင်လေး ❝ဒါပေမယ့် ငါ နင့်ကို တကယ်ချစ်တယ်❞
ကောင်မလေး ❝နင့်မှာ ပိုက်ဆံ၊ အိမ် ၊ ကား တွေ ရှိပြီဆိုမှ ငါ့ကို လာတင်တောင်းပါ❞
ငါးနှစ်ကြာသော်
ကောင်လေး မှာ ပိုက်ဆံ ၊ အိမ် ၊ ကား တွေ ပိုင်ဆိုင်နေပြီး သူ့ကို ချစ်တဲ့ မယားကောင်း တစ်ယောက်နဲ့ ချစ်စရာ ကောင်းတဲ့ သားကလေး တစ်ယောက်ပါ ပိုင်ဆိုင်နေလေသည်
ကောင်မလေး ခမျာတော့ ခုထိ တစ်ယောက်တည်းပေါ့
ဒါနဲ့ တနေ့တော့ ကောင်လေးဆီ ရောက်သွားတယ်
ကောင်မလေး ❝ နင် ငါ့ကိုချစ်တယ်ဆို ဘာလို့ ငါ့ကို လာတင် မတောင်းတာလဲ? ❞
ကောင်လေး ❝ငါ ဘာမှ မရှိတဲ့ အချိန်တုန်းကရော နင် ဘာလို့ ငါနဲ့ လက်မတွဲရဲတာလဲ ? ငါခုလို ဘဝမျိုးကို ရောက်အောင် ဖြတ်သန်းခဲ့တဲ့ ဘဝနဲ့ ကြုံတွေ့ ခဲ့တဲ့ လူတွေက ကူညီ ပေးခဲ့တာ ငါ နင့်ကို သစ္စာ မရှိတာ မဟုတ်ပါဘူး အစကတည်းက နင် ကသာ ငါ့ကို မယုံကြည်ခဲ့တာ နင်သာ ငါ့ကို ယုံကြည်ခဲ့မယ်ဆိုရင် ငါ့ မိန်းမ ဟာ နင် ပဲပေါ့❞
ကောင်မလေး.......... ဘာပြောလို့ ပြောရမှန်းမသိ နှုတ်ဆိတ်စွာနဲ့ လှည့်ထွက်ခဲ့လေသည်
↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝
တစ်ယောက်တည်း အဆင်ပြေအောင် ကြိုးစားပြီးမှ အတူတူ နေတာထက် အတူတူ နေပြီး မှ အဆင်ပြေအောင် ကြိုးစားတာက ပိုကောင်းမယ်လို့ ထင်ပါတယ်။
😌😌😌
credit to WYO
Post a Comment