Header Ads

💘 "ကိုကို" လို့​ခေါ်ပါ 💘


💓💓💓💓💓💓💓💓💑
`ကိုကို´ လို့​ခေါ်ပါ
ထပ်​​ပြောပါမယ်​ `ကိုကို´ လို့ပဲ​ ခေါ်ပါ…

စိတ်​ဆိုး၊စိတ်​​ကောက်​​နေတဲ့အချိန်​ ကြိုက်​သလို​ခေါ်ပါ…
စိတ်​ပြန်​ကြည်​တဲ့အခါ  `ကိုကို´ လို့ပဲ​ခေါ်ပါ..

`ကိုကို´ ဆိုတဲ့ အသံ​လေး တယ်​လီဖုန်း ပေါက်​က​လေးထဲက ထွက်​ကျလာ​တော့ နားကြပ်​က​လေး ကောက်​တပ်​လိုက်​ရတယ်​… သူများတွေ ကြားသွားရင်​ နှ​မြောစရာ..

စားပါ မစိုးရိမ်​ပါနဲ့… သည်​ `ကိုကို´ သာ ခင်​များ​လေး အနားမှာရှိ​နေရင်​ သ​င်္ဘောသီး​ထောင်းမကလို့ လက်​ပစ်​ဗုံးကြီး မြိုချတောင်​ ဘာမှမဖြစ်​​စေရဘူး..

တစ်​​ယောက်​တည်း ရှိတဲ့အချိန်​ဆို ဦးဦး မရမ်းပြား​လေး​တောင်​ လျှာနဲ့မထိနဲ့ ဗိုက်​​အောင့်​မယ်​… `ကိုကို´ ဆိုတဲ့ ပုဂ္ဂို လ်​​လေးက အန်တာဆန်​တို့ ၊ ဂျဲလ်​မက်​တို့လို ဗိုက်​​အောင့်​​ပျောက်​​ဆေး တစ်​မျိုးပဲ..

စိတ်​တိုတဲ့အခါ `ကိုကို!´
စိတ်​ဆိုးတဲ့အခါ `ကိုကို့´
ရှက်​တဲ့အခါ `ကိုကို​နော်​´
စိတ်​အလို​လေး ပြည့်​တဲ့အခါ `ကိုကိုရယ်​´
(ကဲ) ဘယ်ရင်​ဘက်​က မလှုပ်​ပဲ မြဲနိုင်​မှာတဲ့လဲ..

ကမ္ဘာဦးအစကို ခဏပြန်​သွားမလို့
`ကိုကို´ ဆိုတဲ့ နာမ်​စား​လေးရဲ့ဇစ်​မြစ်​ကိုရှာမယ်​… ဖန်​တီး​ခေါ်ဆိုခဲ့တဲ့​ စုံတွဲ​လေးကို ကျေးဇူးတင်​စကား ပြောမယ်​..

ဘုရားရှင်​ထံ အကြံ​ပေးစာတင်​ဖို့ စိတ်​ကူးထားတယ်​… ​လူ​တွေကို ဖန်​ဆင်းတဲ့အခါ နားရွက်​များများထည့်​​ပေးပါ
`ကိုကို´​ခေါ်သံ​လေးကို နားနှစ်​ဖက်​နဲ့ ကြားရတာမဝလို့..

လိပ်​ပြာမ​လေး​ကသာ `ကိုကို´လို့​ အော်​​ခေါ်ရင်​ ပန်းပွင့်​​လေးအထဲက ဝတ်​မှုံထီး​လေးက သူ့အလိုလို ထွက်​လာ​ပေးလိမ့်​မယ်​.. (ကြည့်​) ဘယ်​​လောက်​ တန်​​ဖိုးရှိတဲ့ နာမ်​​စား​လေးလဲ..

အဖိုးကြီး အဖွားကြီး​တွေ ဖြစ်​ကြတဲ့အခါ​တောင်​ မြေး​တွေ မရှိရင်​ `ကိုကို´ လို့ပဲ​ခေါ်..

တစ်​သက်​လုံး `ကိုကို´ လို့ပဲ​ ခေါ်ပါ
ထပ်​​ပြောပါ့မယ်​ `ကိုကို´လို့ပဲ​ခေါ်ပါ.. .. ..။
💓💓💓💓💓💓💓💓💑

credit နေသုတ

No comments

Powered by Blogger.
close