Header Ads

💑 ချစ်သူနဲ့ ဆုံစည်းခွင့် (or) ရေစက် 💘


💝💝💝💝💝💝💝💝💝💝
လူတစ်ယောက်နဲ့တစ်ယောက် ခင်မင်ခဲ့ကြတယ်။ ရေစက်ရှိလို့ပါ။

လူတစ်ယောက်နဲ့တစ်ယောက် ချစ်သူတွေ ဖြစ်ကြရတယ်။ ရေစက်ကြောင့်ပါ။

တစ်ခါတလေကျတော့လည်း ကိုယ့်ဘဝထဲကို မဖိတ်ခေါ်ဘဲ ရောက်လာသူတစ်ချို့ ရှိနေတတ်တယ်. . . . . . . . ဒါကလည်း ကံကြမ္မာက သတ်မှတ်ပေးထားခြင်းပါ။

တစ်ခါတလေမှာ ကိုယ်အရမ်း လိုချင်နေတဲ့သူနဲ့ ကျောခိုင်းခဲ့ရပီး ကိုယ်မလိုချင်ဆုံး လူနဲ့ ပေါင်းဖက်ရတတ်တယ်။ ဒါကလည်း မရှောင်လွှဲနိုင်တဲ့ ကံကြမ္မာ ဇာတ်ဆရာ အလိုကျပါ။

လူတစ်ယောက်နဲ့တစ်ယောက် မချစ်ကြိုက်ရသော်လည်း ပေါင်းဖက်ကြရတယ်. . ရေစက်ကြောင့်ပါ။

လူတစ်ယောက်နဲ့တစ်ယောက် မမြင်ဖူးကြသော်လည်း စိတ်ထဲက ရင်းနှီးနေတတ်ကြတယ်. . ရေစက်ကြောင့်ပါ။

လူတစ်ယောက်နဲ့တစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ချင်လောက်အောင် မုန်းတီးလာကြတယ် ဆိုတာလည်း မကောင်းတဲ့ ရေစက်ဆိုးကြောင့်ပါ။

အရမ်း ချစ်နေကြတဲ့ လူသားနှစ်ယောက် အကြောင်း အမျိုးမျိုးကြောင့် ပေါင်းဖက်ခွင့်မရခဲ့ကြဘူး ဆုံစည်းခွင့်ဆိုတဲ့ ကံကြမ္မာရဲ့ မျက်လှည့်ပြကွက် တစ်ခုကြောင့်ပါ။

လူတစ်ယောက်နဲ့တစ်ယောက် အကြောင်းတိုက်ဆိုင်လို့ လူသန်းပေါင်းများစွာထဲကမှ ချစ်ခင်ကြရတဲ့ ရေစက်ကို တန်ဖိုးထားတတ်ဖို့ လိုပါတယ်။

ဆိုးတဲ့ ရေစက်ဖြစ်ဖြစ် ကုန်ဆုံးသွားမှာကို စိုးရိမ်နေရလောက်အောင် ကောင်းတဲ့ ရေစက်ဖြစ်ဖြစ်

ကျွန်တော်တို့ လူ့ဘဝအချိန်တို ခဏလေးမှာ ဆုံစည်းခွင့်လေးကို ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နဲ့ အမုန်းတွေ ဘေးဖယ်ပီး လူအချင်းချင်း မေတ္တာထားကြပါစို့နော်...😊😊😊

Credit to original

No comments

Powered by Blogger.
close