💘 မိမိသွေးအမျိုးစားအလိုက် ဘ၀ရေး အချစ်ရေး 💘
💓💓💓💓💓💓💓💓
သွေး အမျိုးစား သိတာနဲ့ သူငယ်ချင်းတို့ရဲ့ ဘ၀ရေး အချစ်ရေးတွေကို သိနိုင်ပါတယ်
အိုသွေး ပိုင်ရှင်များသည်
လွန်စွာ ပြင်းထန်စွာ တိကျသော ပြတ်သားသော သူများ ဖြစ်ကြပြီး ရည်မှန်းချက် ကြီးကာ မဖြစ်မနေ လုပ်ဆောင် တတ်ကြပြီး အားသွန် ခွန်စိုက် လုပ်ဆောင်တတ်သည်။ အချစ်ရေးနှင့် ပတ်သတ်ပြီး မိမိကိုယ်ကို အချစ်ကြီးသည် အစွဲလမ်းကြီးသည်ဟု ထင်တတ်ကြ သော်လည်း အမှန်တကယ် အားဖြင့်မူ ထိုလောက် မဟုတ်ဘဲ ချစ်သူနှင့် ခွဲခွါရလျှင် မကြာခင် ပြေပျောက်သူများ ဖြစ်ကြသည် ။
အေသွေး ပိုင်ရှင်များ
စိတ်လှုပ်ရှားလွယ် စိတ် ထိခိုက် လွယ်သူများ ဖြစ်ကြပြီး ဝေဖန် ခံနိုင်ရည်လည်း အားနည်းကြသည်။ အချစ်ရေးနှင့် ပတ်သတ်ပြီး အချစ်ကြီးတတ်သူများ ဖြစ်ကြပါသည်။ တစ်ဦးကို တစ်ဦး စွဲစွဲလမ်းလမ်း ဖြစ်တတ်ကြပြီး ချစ်သူနှင့် ခွဲခွါခဲ့ရလျှင် အခြားသူများထက် ပို၍ ခံစားရတတ်သည်။
ဘီသွေး ပိုင်ရှင်များ
မိမိ နေတတ်သလို စိတ်ချမ်းသာသလို နေထိုင် ပြုမူတတ်သည်။ အချုပ်အချယ် မခံလိုပဲ လွတ်လပ်စွာ နေလိုစိတ် ပြင်းပြသူများ ဖြစ်ကြသလို ဖန်တီးနိုင်စွမ်း တီထွင်နိုင်စွမ်း ရှိကြသည်။ အချစ်ရေးနှင့် ပတ်သတ်ပြီး ရံဖန်ရံခါ အချစ်ကို ပေါ့ပေါ့စစ သဘောထားတတ် ကြသလို မိမိကိုယ်ကိုသာ ပိုမို ခင်တွယ် ဦးစားပေးတတ်၍ ချစ်သူတို့ ငြီးငွေ့ခြင်းကို ခံရတတ်သည်။
အေဘီသွေး ပိုင်ရှင်များ
အရာရာကို မျှမျှတတေ ၀ဖန်ပိုင်းခြား ဆင်ခြင် တတ်ကြပြီး မိမိ သဘောဆန္ဒသက်သက်ကို မကြည်ပဲ အများရဲ့ဆန္ဒကို ဆောင်ရွက် တတ်ကြသည်။ အချစ်ရေးနှင့် ပတ်သတ်ပြီး စိတ်ကူးယဉ် အိပ်မက် မက်လွန်းသူများ ဖြစ်ကြသည် အခြေအနေ အမှန်နှင့် ကင်းကွာ တတ်ကြပါသည် ။ ဘ၀ပေး အခြေအနေ အချိန်အခါ ပတ်ဝန်းကျင်အရ ကွာခြား တတ်သည်သာ ခြားနားပါသည် ။
Credit:.apannpyay
Post a Comment