မငိုပါနဲ့ ! မတန်လို့ပါ …😢
★ ★ ★ ★ ★ ★ ★ ★ ★
မင်းကသာ မျက်ရည်နဲ့မျက်ခွက် . .
ဟိုမှာက အသစ်နဲ့သာယာနေတာ …!
မတန်ဘူး…!! :)
မင်းကသာ သူ့ကို လွမ်းနေတာ . .
ဟိုမှာတော့ Kissing ဘယ်နှခါမှန်းမသိ ဆွဲပြီးနေလောက်ပြီ …!! :)
မင်းကသာ သူ့ Message တွေဖတ်နေ . .
ဟိုမှာက ပလူးလို့ကောင်းနေမှာ …!! :)
မင်းကသာ သူ့ကို ပြန်လိုချင်နေ . .
ဟိုမှာက ဘယ်နှယောက်မှန်းတောင် သိရဲ့လား …?? :)
မငိုပါနဲ့ …!! မတန်ဘူး ။
ပြန် စဉ်းစားပါ။
မင်း ပေးခဲ့ရတဲ့ အချိန်တွေ …
မင်း သူ့အတွက် ပေးဆပ်ခဲ့ရတဲ့ ပျော်ရွှင်မှုတွေ …
မင်း ချိုးနှိမ်ခဲ့ရတဲ့ မာနတွေ …
မင်း ရဲ့ လွတ်လပ်မှုတွေ အနာဂတ်တွေကို ပြန်စဉ်းစား …! :)
ကျေးဇူးတင်လိုက်ပါ။
မင်းရဲ့ လှပတဲ့ အနာဂတ်တွေကို သူ ပြန်ပေးသွားတာပါ။
အစပိုင်းမှာတော့ မင်း တအား နာကျင်ရလိမ့်မယ်။
ဒါပေမဲ့ ယုံကြည်လိုက်ပါ။
အချိန်ဆိုတဲ့ သမားတော်က မင်း ဒဏ်ရာတွေကို ကုစား ပေးသွားလိမ့်မယ်။
တစ်နေ့ကျရင် မင်း သူ့ကို ကျေးဇူးတင်နေမှာ အမှန်ပါပဲ။ :)
ဒါကြောင့် မငိုပါနဲ့ …!
ကိုယ့်ကို ပစ်သွားတဲ့ သူတစ်ယောက်အတွက် ခံစားမနေပါနဲ့ …!
မတန်လို့ပါ …!! :)
#EeCk
Post a Comment