➰ မိန်းကလေးများသတိထားစရာ ကျားတို့ရဲ့မာယာ ➰
💓💓💓💓💓💓💓💓💓💓
💘 Propose လုပ်နေဆဲ ကာလမှာ…… 💘
~ သေမလိုရှင်မလို Feel ပြတယ် ရင်မခုန်ဘူး ဒါပေမယ့် ရည်းစား ရချင်ဇောနဲ့
~ ဟတ်ဟတ်ထိုး ကြွေချင်ယောင် ဆောင်ပြတယ်
~ စိတ်မပါဘဲနဲ့လည်း အသည်းအသန် ဂရုစိုက်ပြတယ်
~ လိုချင်တဲ့ Target မရောက်မချင်း အမိန့်တွေ နာခံဖို့ ဝန်မလေးဘူး
~ လိုအပ်ရင် မျက်နှာ ရှစ်ခေါက်ချိုး ဇီးရွက်လောက် လုပ်ပြမယ်
~ တစ်ဖက်က သနားစိတ် ဝင်သွားအောင် မျက်နှာလေး ညှိုးပြမယ်
~ ဖုန်းဆက်ချိန် စာပို့ချိန် တိကျတယ် Right time ဘဲ
~ Reply မြန်ချက် စက္ကန့်ပိုင်းအတွင်း အရေးတယူပြန်တယ်
~ ဘာလုပ်နေလဲ ယောင်ပြီး လာမမေးနဲ့ သတိရလို့ Photo လေး ထိုင်ကြည့်နေတယ် ဆိုတာချည်းပဲ
~ တစ်ရက်လောက် မတွေ့ရရင်ကို ကမ္ဘာပဲ ပျက်တော့မလိုနဲ့ Overtine တွေ အရည်ကျဲကျဲ ဖျော်ပြရတာ အမော
~ ပိန်သွားတယ်နော် သွားမပြောနဲ့ ဟုတ်တယ် ညည လွမ်းလို့ အိပ်မပျော်တာ … {ဒါဘဲရမယ်}
~ ဝလာတယ် ပြောကြည့်ဦးမလား.. အင်း ချစ်နဲ့ဆုံရလို့ စိတ်တွေချမ်းသာ နေတာလေ… {သေသွားမယ်}
~ နဖူးလေး အားယားလို့ သွားမစမ်းနဲ့ ချက်ချင်း ပျော့ကျပြီး လူမမာ လုံးလုံးဖြစ်သွားတာ… {အကယ်ဒမီရှော့}
💘 ဟော လာပါပြီ Anni တွေ လွန်မြောက်ပြီးနောက်…… 💘
~ သေသေရှင်ရှင် ပစ်ထားတယ်
~ အဖြေရတာ မသိရင် တစ်ဘဝလုံး ပိုင်သွားတာ ကျနေတာဘဲ
~ ဆက်လက်၍ ကြိုးစားရန် မလိုအပ်တော့လို့ ထင်မှတ်သွားပြီလေ
~ ဂရုလည်း မစိုက်တော့ဘူး သေရင်တောင် သိလိုက်မယ်မထင်
~ အဖြေရပြီးပြီ ဆိုတော့ စစ်တပ်က အာဏာ ပြန်သိမ်းပြီလေ
~ မျက်နှာက မြောက်ကိုရီးယား သမ္မတရုပ်လို တည်သွားပြီ
~ ဖုန်းဆက်ချိန် စာပို့ချိန် မျှော်မနေနဲ့ ရူးတောင် သွားဦးမယ်
~ Reply ကြာချက် USA အာကာသခရီးစဉ်တောင် ပြန်ရောက်ပြီ.. အင်း/ ဟုတ်/ စာတစ်လုံးထဲက တော်တော်နဲ့ ရောက်မလာသေး
~ ဘာလုပ်နေလဲ အရေးတယူ သွားမမေးနဲ့.. ဘာလုပ်ရမှာလဲ အားနေတယ် ထင်နေလို့လား… {ကိုဒေါသ}
~ ပိန်သွားတယ် ဝလာတယ် သွားမပြောနဲ့ မကြိုက်ဘူး.. သစ်ရွက်လှုပ်တာနဲ့ စိတ်က တိုနေတတ်တဲ့အချိန် ဖြစ်သွားပြီလေ… {ဦးစိတ်တို}
ဒါကြောင့် တချို့ ယောက်ျားလေးတွေက ရည်းစား မဖြစ်သေးခင် မှာတော့ မာယာလေးတွေ သုံးတတ်ကြ ပါတယ်နော်။ အဖြေရပြီးရင်တော့ အမှန်တရားလေးတွေ မြင်ရစေ့မယ် စိတ်သာချနေပေတော့ ညမလေး တို့ရေ။
ဒါပေမယ့် အဲလိုမဟုတ်ပဲ တကယ်ချစ်တဲ့သူ တကယ်မြတ်နိုးတဲ့ ယောက်ျားလေးတွေလည်း လောကမှာ ရိုက်သတ်လို့ မကုန်ပါဘူးးးကွယ်။ အချစ်ရေးမှာ ကံကောင်းကြပါစေနော်။
credit to original
Post a Comment