Header Ads

💘 ချစ်ရင် ဖွင့်ပြောလိုက်ပါ 👍😉


ဘဝက တိုတိုလေးလေ . .
ဘာတွေ တွေဝေနေမှာလဲ??😉

တစ်စုံတစ်ယောက်ကို ချစ်နေတာမလား?
ဒါဆို ဖွင့်ပြောလိုက်လေ …!!
ဘာကို စောင့်နေမှာလဲ??😊

ချစ်တယ်လို့ ဖွင့်ပြောတာ မရိုင်းပါဘူး။
ရင်ထဲ သိမ်းထားတာကမှ ခံရခက်စေတာ …!😅

အုံ့ပုန်းအချစ် ဆိုတာ ဖွဲမီးနဲ့တူတယ်။
ရင်ဘတ်ထဲ ကြိတ်လောင်နေတာ တကယ်ကို ပူလောင်ပါတယ်။😋

မဖွင့်ပြောပဲ ချစ်သူဖြစ်သွားတဲ့ အတွဲဆိုတာ ရှိလို့လား?
ဖွင့်ပြောလိုက်ပါ ။
ဒါမှ မင်းချစ်နေတာ သူသိသွားမှာ …!!💘

ကိုယ်ချင်းစာပါတယ်။
အလေးအနက်ထားတဲ့ ချစ်ခွင့်ပန်ခြင်းဟာ
ရင်ဘတ်ထဲ သံစုံတီးဝိုင်း တီးနေသလို ၊
စစ်ထွက်တိုက်ရသလို ဖြစ်နေမယ်ဆိုတာ . . .😂
ဒါပေမဲ့ … ရှေ့တစ်လှမ်းတိုး Propose လုပ်လိုက်ပါ။
" ငါ နင့်ကို ချစ်တယ် " လို့ …!!☺💘

အဖြေက မများဘူး။ 2 ခုတည်း …
Yes ရယ် … No ရယ်

No ဆိုလည်း ဘာဖြစ်လဲ ??
နှစ်ဖက်ချစ် မဖြစ်နိုင်လည်း တစ်ဖက်ချစ်ပေါ့ …!
မင်း သူ့ကို ချစ်နေသရွေ့ အချစ်ဆိုတာ မင်းအနားမှာပဲ ။😋💖

Yes ဆိုရင်တော့ …
ကမ္ဘာပေါ်မှာ အလှဆုံးနေ့တွေ ဖန်တီးဖို့သာ ပြင်ပေတော့ …😉💗

#EeCk

No comments

Powered by Blogger.
close