Header Ads

FA စစ်စစ်ဖြစ်ရန် လိုအပ်သော Skills များ 😎


~ (3) ကြိမ်ထက်မနည်း အသဲကွဲဖူးရမည်။💔😢
[ ပြတ်ခဲ့တိုင်း ကိုယ်ကထားခဲ့တာချည်း ဖြစ်ရပါမယ် ]

~ တော့ကီ ကြွယ် တတ်ရမည်။
[  ဂျပိုး ကို လိပ်ဖြစ်အောင် လှည့်ပတ်ပြောတတ်ပါစေ ]

~ သစ်ရွက်လှုပ်တိုင်း ကော်ဆဲတတ်ရမည်။
[ ဆတ်ဆတ်ထိမခံ မာနတရားနဲ့ ခပ်ချေချေနေပြရပါမယ် ]

~ Crush ခံရတဲ့ဘဝမှာပဲ နေပျော်သူဖြစ်ရပါမည်။
[ ကိုယ်ကစ Crush မိရင်လည်း ဒိုင်ရှိုလေးပဲဖြစ်ရပါမယ် ]

~ အစားချည်းတစ်လိုင်း ဖြစ်ရပါမည်။
[ ရည်းစား နဲ့ အစားအသောက် တစ်ခုရွေးဆို ဒုတိယတစ်ခု
  ကို အသည်းအသန် ရွေးလိုက်သူဖြစ်ရပါမယ် ]

~ အားနေ Feel တတ်ရပါမည်။
[ တစ်ခါတစ်ခါ ကိုယ့်ဘာသာကိုယ် ဘာ Feel နေလို့
  Feel နေမှန်းမသိတဲ့အထိ Feel တတ်ရပါမယ် ]

~ ကိုယ့်လာ Hi ရင် Profile Pic ပြေးရှိုးတတ်ရပါမည်။
[ ချောမှလှမှ အဖက်ပြန်လုပ်တတ်ပြီး အနေအထားမရှိဘူးဆို
  အသာလေး ကျော်ခွသွားတတ်သူဖြစ်ရပါမယ် ]

~ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ပြတတ်ရပါမည်။
[ အိမ်နေရင်းဆို သူတောင်းစားလေးလို နေတတ်ပြီး
  အပြင်သွားပြီဆို ဂျလန်းအထာနဲ့ ဒိုးတတ်ရပါမယ် ]

~ အတွဲဆို ရထားတွဲမြင်ရင်တောင် စိတ်နာတတ်ရပါမည်။
[ မုန့်လင်မယား ရာသက်ပန် မစားပဲနေတတ်သူဖြစ်ရပါမယ် ]

~ BFF တွေကို အနိုင်ကျင့်တတ်ရပါမည်။
[ Toilet သွားတာကအစ တပူးတွဲတွဲခေါ်သွားတာ…
  အသဲကွဲချင်ယောင်ဆောင်ပြီး ခဏခဏခေါ်ရစ်တာ…
  ရည်းစားနေရာမှာ BFF ကိုအစားထိုး နှိပ်စက်တာ…
  စတာတွေ လုပ်တတ်ရပါမယ် ]

                                           #s_m

No comments

Powered by Blogger.
close