Header Ads

တကယ်ချစ်ရင် လမ်းမခွဲကြပါနဲ့ ...💘


တစ်ဘဝလုံးအတွက် ရည်ရွယ်ပြီး ရည်းစားထားတယ်။ ကိုယ့် သူငယ်ချင်းတွေလဲ သူနဲ့ တွဲနေတာကို သိတယ်။

နှစ်ကိုယ်တူ ချစ်တိုင်းပြည်လေးကို စိတ်ကူးထဲမှာလဲ တည်ဆောက်ထားတယ်။ တစ်နေ့ကျရင် လက်ထပ်ဖို့အတွက်လဲ ပြင်ဆင်ထားတယ်။ တိုင်ပင်ထားတယ်။💑

ဒါပေမဲ့ .. အကြောင်းမတိုက်ဆိုင်တဲ့အခါ ၊ သူက သစ္စာဖောက်သွားတဲ့အခါ .. လမ်းမခွဲချင်ပေမဲ့လဲ လမ်းခွဲပေးလိုက်ရတယ်။😅💔

ဘယ်သူက ကိုယ်ချစ်တဲ့သူနဲ့ လမ်းခွဲချင်မှာလဲ..??😅
ဘယ်လိုမှ မဖြစ်နိုင်တော့တာကြောင့်သာ လမ်းခွဲလိုက်ရတယ်။ အဲ့အတွက် နှစ်ယောက်လုံးဟာ အနည်းနဲ့အများတော့ စိတ်ထိခိုက်ကြရမှာပါပဲ။😊

ပြောချင်တာက ...
အကြောင်း မတိုက်ဆိုင်တာနဲ့ပဲ လမ်းခွဲဖို့ မဆုံးဖြတ်လိုက်ပါနဲ့ဦး။ လူနှစ်ယောက်ရဲ့ စိတ်က ထပ်တူကျဖို့ မလွယ်နိုင်ဘူးလေ..☺ အခက်အခဲတွေတော့ ရှိမှာပေါ့။😋

တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်တယ် ဆိုရင်တော့ ဘယ်လောက်ပဲ အကြောင်းမတိုက်ဆိုင်ဆိုင် လမ်းမခွဲကြပါနဲ့။☺ ကြုံတွေ့လာတဲ့ လောကရဲ့ အခက်အခဲတွေကို တူတူရင်ဆိုင်ကြပါ။ တူတူဖြေရှင်းကြပါ။

ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို တူတူ ဆွေးနွေးတိုင်ပင်ကြပါ။ လမ်းခွဲတယ် ဆိုတဲ့ ပြီးစလွယ်နည်းနဲ့တော့ မဖြေရှင်းလိုက်ကြပါနဲ့။😅

လမ်းခွဲမယ် လို့ ဆုံးဖြတ်လိုက်တိုင်း သူနဲ့ တူတူပျော်ခဲ့ဖူးတဲ့ အခ်ျိန်လေးတွေကို ပြန်သတိရပေးပါ။☺ တူတူ ရိုက်ခဲ့ဖူးတဲ့ ဓာတ်ပုံလေးတွေကို ပြန်ကြည့်ပေးပါ။☺ Fb မှာ မင်းအတွက် ရည်ရွယ်ပြီး သူ တင်ခဲ့တဲ့ Status လေးတွေကို ပြန်ဖတ်ပေးပါ။☺

အဲ့လိုမျိုး အတိတ်ကို ပြန်တွေးရင်းနဲ့ မျက်ရည်ဝဲရင်လဲ ဝဲလာလိမ့်မယ်။ မျက်ရည်ဝဲလာရင်တော့ သူ့ဆီကို ဖုန်းဆက်ပြီး ချစ်တယ် လို့သာ ပြောလိုက်ပါ။😅 မာနတွေ မထားပါနဲ့။☺

"ချစ်တယ် လို့ပြောလိုက်ရင် သိက္ခာများ ကျသွားမလား" လို့လဲ မတွေးပါနဲ့။ ချစ်သူတွေကြားမှာ သိက္ခာကျတယ် ဆိုတာ မရှိပါဘူး။😉

မိန်းကလေးဘက်က ကိုယ့်ချစ်သူကို "ချစ်တယ်" လို့ ပြောတာဟာ သိက္ခာကျစရာ မဟုတ်ပါဘူး။💗 အဲ့လိုပါပဲ ။ ယောကျာ်းလေး တစ်ယောက်က ကိုယ့်ချစ်သူကို လမ်းမခွဲဖို့ ဒူးထောက် တောင်းပန်တာကလဲ သိက္ခာကျစရာ မဟုတ်ပါဘူး။💗

တကယ်တော့ လေးစားစရာတွေပါ။💘 အဲဒါကြောင့် လမ်းခွဲဖို့ကို လွယ်လွယ် မဆုံးဖြတ်ကြပါနဲ့💗

ဒါပေမဲ့ .. မင်းကို သစ္စာဖောက်သွားတဲ့ သူဆိုရင်တော့ ပြန်ပြီး လှည့်မကြည့်ပါနဲ့။😊 သစ္စာဖောက်သွားတာ သေချာတယ် ဆိုရင်တော့ ပြတ်သားလိုက်ပါ။ နာကျည်းလိုက်ပါ။😊 မင်းရဲ့ ဝမ်းနည်းမှုတွေက သူနဲ့ မထိုက်တန်ပါဘူး။😊

သစ္စာဖောက်တယ် ဆိုကတည်းက သူ မင်းကို တကယ် မချစ်တော့လို့ပါ ...။😋 သစ္စာဖောက်သွားတဲ့ သူကိုလဲ ရူးကြောင်ကြောင်နဲ့ စောင့်မနေပါနဲ့။😋

အကယ်၍ သူပြန်လာခဲ့တယ် ဆိုရင်တောင် အခွင့်အရေးရတိုင်း မင်းကို နောက်တစ်ကြိမ် သစ္စာဖောက်ဦးမှာပါပဲ။😌 တစ်ခါခြံခုန်ဖူးတဲ့ နွားဟာ နောက်တစ်ကြိမ် ထပ်ခုန်ဖို့ ဝန်မလေးတတ်တော့ပါဘူး။😉

အဲ့ဒီတော့ . . မင်း ရင်ခွင်နဲ့ ထိုက်တန်တဲ့ သူကိုသာ သစ္စာရှိစွာ စောင့်နေလိုက်ပါ။☺💖

ချစ်သူတိုင်း အဆင်ပြေကြပါစေ..။💘
ချစ်တိုင်းလဲ ညားကြပါစေ..။💗

#Edited
#EeCk

No comments

Powered by Blogger.
close