💓 အရမ်းအထာကျလွန်းရင် Single ဖြစ်သွားတတ်တယ် 😎
💓💓💓💓💓💓💓💓
ကျွန်တော်တို့ ဘေးနားက အရမ်း အထာကျတဲ့ အချို့ ကောင်မလေး တွေဟာ Single အဖြစ်နဲ့ပဲ ဘ၀ကို တစ်ယောက်တည်း ဖြတ်သန်းနေကြတာ ထူးဆန်းစွာ တွေ့ရှိရပါတယ်။
ကျွန်တော်တို့ ထင်ထားတာကတော့ အရမ်း စမတ်ကျတဲ့ ခပ်လန်းလန်း ကောင်မလေးတွေမှာ ချစ်သူ တစ်ယောက်မဟုတ် တစ်ယောက်တော့ ရှိနေမှာပဲလို့ ယူဆခဲ့ကြတာပါ။
ဒါပေမယ့်လည်း အရမ်း အထာကျလွန်းတဲ့ အခါလည်း Single ဖြစ်သွားတတ်တယ် ဆိုတာကို အချို့အချက်လေးတွေနဲ့ ဖော်ပြလိုက်ပါတယ် နော်။
🔵 လက်ရှိမှာ Boyfriend ရှိနေတယ်လို့ ထင်တတ်ကြလို့ပါ
ယောင်္ကျားလေးတွေဟာ အဲ့ဒီ ကောင်မလေးတွေ အနားကို ချဉ်းကပ်ဖို့ စတင် စဉ်းစားကြတဲ့အခါ သူတို့မှာ လက်ရှိ ချစ်သူ ရှိနေမှာပဲလို့ 80 ရာခိုင်နှုန်းလောက် ကြိုတင်တွက်ဆ ထားတတ်ကြပါတယ်။
🔵 ချစ်ခွင့်ပန်ဖို့ မ၀ံ့ရဲလို့ပါ
ကောင်လေးတွေဟာ အဲ့လို ကောင်မလေးမျိုးကို သဘောကျ နေခဲ့ရင်တောင် ဖွင့်ပြောဖို့အတွက် မ၀ံ့မရဲဖြစ်ပြီး တပ်ခေါက် ပြန်သွားတတ်ကြပါတယ်
🔵 ရတာမလို လိုတာမရ
အနားမှာ ၀ိုင်းဝိုင်းလည်နေအောင် ချစ်ခင်သူတွေ ပေါများနေပေမယ့်လည်း ကိုယ်နှစ်သက်တဲ့ ကောင်လေးကတော့ ကိုယ့်အပေါ်ကို အကြောင်းကြောင်းကြောင့် သတိမထားမိပဲ လျစ်လျူ ရှုမှုတွေ ရှိနေလို့ပါ
🔵 ချစ်သူထားဖို့ကိုတောင် မေ့လျော့နေကြလို့ပါ
သူမရဲ့ အိမ်မက်တွေ ၊ ရည်မှန်းချက်တွေ နဲ့ အခြားဝါသနာပါရာ စိတ်ဝင်စားစရာ ကိစ္စရပ်တွေမှာ အချိန်ပေးနေရတာနဲ့ Single ဘ၀ကို ရောက်မှန်းမသိ ရောက်ရှိနေကြတာပါ
🔵 ချစ်သူမထားပဲ လွတ်လွတ်လပ်လပ် ပျော်ချင်လို့
ကိုယ်တိုင်က အရမ်းအထာကျပြီး စမတ် ဖြစ်နေပေမယ့်လည်း ချစ်သူ ရသွားတဲ့အခါ ခံစားရမယ့် စိတ်ဖိစီးမှုတွေနဲ့ အချို့ ချုပ်ချယ်ကန့်သတ်မှု တွေကို မလိုချင်လို့ အားလုံးကို ပျော်ပျော်ကြီး ခေါင်းခါပစ်နေတာပါ
. . .
ဘော်ဒါတွေထဲက အရမ်းအထာကျတဲ့ လေဒီတွေလည်း single ဖြစ်နေတာ ဒီအချက်တွေထဲက တစ်ခုမဟုတ် တစ်ခုကြောင့်ပဲ ဖြစ်မှာ ။ မှန်မှန်ဖြေနော် မလိမ်နဲ့ ။
ကိုယ့်သူငယ်ချင်းတွေထဲမှာ အဲ့လို လေဒီတွေ ရှိနေရင်လည်း mention ခေါ်ပြီး share ပေးလိုက်အုံး ။
crd#upupmm



Post a Comment