Header Ads

👦ယွကျားလေးနဲ့ 👧မိန်းခေးတွေရဲ့ ကွာခြားချက်➰


★ ★ ★ ★ ★ ★ ★ ★ ★
ယောက်ျားလေး တွေက ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူး ...
မိန်းကလေးတွေ ကျတော့ ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ဘူး ...

ယောက်ျားလေးတွေရဲ့ အားနည်းချက်က ကိုယ့်ကိုယ်ကို အထင်ကြီးတာ...
မိန်းကလေးတွေရဲ့ အားနည်းချက်က သူတစ်ပါးကို အထင်ကြီးတာ ...

ယောက်ျားလေးတွေက သူတို့ ချစ်တဲ့သူကို ဂရုစိုက် တတ်ကြတယ် ...
မိန်းကလေးတွေ ကျတော့ သူတို့ကို ဂရုစိုက်တဲ့ သူကိုမှ ချစ်တတ်ကြတယ်...

ယောက်ျားလေးတွေက သ၀န်တို ခံရရင် စိတ်ရှုပ်တတ်ကြတယ် ...
မိန်းကလေးတွေ ကျတော့ သ၀န်တို ခံချင်လို့ တမင်အရွဲ့တိုက် ပြတတ် ကြတယ်..

ယောက်ျားလေးတွေက မကြာခဏ လိမ်ညာ တတ်ကြတယ် ...
မိန်းကလေးတွေ ကျတော့ မကြာခဏ ဟန်ဆောင်တတ် ကြတယ် ....

ယောက်ျားလေးတွေက တစ်ခုခု မကျေနပ်တာ ရှိရင် ပွင့်ပွင့် လင်းလင်း ထုတ်ပြောတတ်ကြတယ် ...
မိန်းကလေးတွေက တစ်ခုခု မကျေနပ်တာ ရှိရင် စကားမပြောဘဲ တိတ်ဆိတ် နေတတ်ကြတယ်…
★ ★ ★ ★ ★ ★ ★ ★ ★

crd to Orginal

No comments

Powered by Blogger.
close