Header Ads

💘 တကယ်ချစ်ရင် ချစ်သူကို လက်တွဲထားပါ 👫


💓💓💓💓💓💓💓💓💑
တချို့စုံတွဲတွေ တစ်ယောက်ကို တစ်ယောက် အရမ်း..ချစ်ပေမယ့် မပေါင်းကြရဘူး။ ဘာကြောင့် မပေါင်းကြရတာလို့ ထင်ပါသလဲ။ အကြောင်းအမျိုးမျိုးကြောင့်လို့ ဖွင့်ပြကြပေမယ့် တကယ်က တစ်ယောက်ကို တစ်ယောက် ယုံကြည်ပြီး လက်မတွဲရဲလို့ဘဲ ဖြစ်ပါတယ်။

တစ်ယောက်ယောက်ကို ချစ်မိနေပြီဆိုရင် လက်တွဲခွင့်ရအောင် ကြိုးစားပါ။ မိမိချစ်သူနဲ့ အတူရှိချိန်တိုင်းမှာလည်း လက်တွဲထားပါ။ လောကမှာ လူမှန်သမျှ မချစ်တတ်တဲ့လူ တစ်ယောက်မှ မမွေးသေးပါ။ တကယ်ချစ်ရင် မရှက်ပါနဲ့ မကြောက်ပါနဲ့။

လက်တွဲထားတဲ့အခါ တစ်ယောက် အသည်းနှလုံးကနေ ထွက်လာတဲ့ အနွေးဓာတ်ဟာ လက်ကနေတစ်ဆင့် နောက်တစ်ယောက်ရဲ့ သွေးကြောထဲအထိ လှည့်ပတ်ကူးစက်သွားပြီး တစ်ယောက်ရဲ့ ချစ်ခြင်းကို တစ်ယောက်က ခံစားသိမြင်စေတယ်လို့ ဆိုပါတယ်။

တစ်ယောက်ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ချစ်ခြင်း၊ မြတ်နိုးခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း စတာတွေကို တစ်ယောက်နဲ့ တစ်ယောက် နှုတ်နဲ့ပြောကြားနေစရာမလိုဘဲ သိမြင်လာအောင် စွမ်းဆောင်ပေးတာ လက်တွဲခြင်းပါ။ လက်ဖဝါးချင်း ဆုပ်ကိုင်ထားခြင်းဟာ လူနှစ်ယောက်ကို အနီးဆုံး လူသားဖြစ်အောင် ဖန်တီးပေးတဲ့ ဝှက်ဖဲ တစ်ချပ်ဆိုလည်း မမှားပါ။

ချစ်သူ့လက်ကို ဆုပ်ကိုင်ပေးခြင်းရဲ့ ကြည်နူးမှု အားအင်ဟာ လူတစ်ယောက်ကို အောင်မြင်လာအောင် စွမ်းဆောင်ပါတယ်။တကယ်ဆို အချစ်က သုံးတတ်ရင် အစွမ်းထက်တဲ့ အားဆေးတစ်ခွက်ဖြစ်ပါတယ်နော်။
💓💓💓💓💓💓💓💓💑

credit to original

No comments

Powered by Blogger.
close