Header Ads

အမြင်ကတ်စရာကောင်းသူ (16) ဦး 😋


1. ရီစရာမပါတဲ့ Post ကို Haha reaction လာပေးသူ ။😋

2. ကိုယ်က အတည်အတံ့ စကားပြောနေချိန်မှာ ပေါတောတော စကားတွေပြောပီး ဝင်လှောင်သူ ။😋

3. သူ့ကို မိမိ Ph ထဲမှ တစ်ခုခုအား လှမ်းပြစဉ် ကိုယ့်လက်ထဲက Ph ကိုပါ ယူပီး စိန်ပြေနပြေ ထိုင်ကြည့်သူ ။😋

4. လမ်းသွားနေစဉ် ဖိနပ်ကို အနောက်မှ ခဏခဏ တက်နင်းတတ်သူ ။😋

5. Ph ဖြင့် Game ကို စိတ်ဝင်တစား ဆော့နေစဉ် Home keyကို အလစ်ဝင်နှိပ်တတ်သူ ။😋

6. လမ်းမှာတွေ့တိုင်း မိမိမကြိုက်သည့် နာမည်ပြောင်အား လှမ်းခေါ်တတ်သူ ။😋

7. မသိပဲနဲ့ Tagလာလာ တွဲနေသူ ။😋

8. မခင်ပဲနဲ့ Bff သောက်ထာမျိုး လာချိုးသူ ။😋

9. ဝတ်ကောင်းစားလှ ဝတ်လာတိုင်း ဟိုက ဒီလို၊ ဒါက ဟိုလို ဝေဖန်သလိုလိုဖြင့် ကဲရဲ့တတ်သူ ။😋

10. မိမိအား သေမလောက်ချစ်ပါတယ် ပြောပီး ကွယ်ရာတွင် ခွေးဇာတ်ခင်းသူ ။😋

11. ရှေ့တွင်တော့ ကိုယ့်အား ချီးမွမ်းမြှောက်ပင့်ပီး နောက်ကွယ်တွင် အတင်းတုပ် အပုပ်ချတတ်သူ ။😋

12. မုန့်တစ်ခုခု စုစားကြလို့ ပိုက်ဆံရှင်းခါနီးတိုင်း ရူးချင်ယောင် ဆောင်တတ်သူ ။😋

13. ဘယ်တော့မှ Phမခေါ် ။ Call me back & Miss call သာ ပေးလေ့ရှိသူ ။😋

14. တဖက်သားတွင် စောက်ဆံရှိလား မရှိလား မသိ ၊အရိပ်အကဲ နားမလည်ပဲ တွေ့တာနဲ့ စောက်စားဝယ်ကျွေးခိုင်းသူ ။😋

15. သူသာ အကောင်း၊ သူပဲ သိ၊ သူပဲ တတ်၊ ကျန်တဲ့သူဆို သူ့လောက်မတော် ဟု ဘဝင်လေဟပ်နေသူ ။😋

16. မလိုရင် ချောင်ထိုးထားပီး အကူအညီ လိုချိန်မှ မျက်နှာချိုသွေးကာ ရောက်လာတတ်သူ ။😋

#EeCk

No comments

Powered by Blogger.
close